Reach Sukhumvit 107
BTS Bearing အနီး၊ Sukhumvit 107 — ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်၊ Facility နဲ့ Pet မူဝါဒ အပါအဝင် မေးခွန်း ၁၅ ခု အပြည့်အစုံ။
Q&A ဖွင့်ဖတ်ရန်ဘန်ကောက်မှာ ကိုယ်ပိုင် ကွန်ဒိုတစ်ခန်းလောက် ဝယ်ယူဖို့ စဉ်းစားနေပြီလားခင်ဗျာ။ Project တစ်ခုချင်းစီရဲ့ ဈေးနှုန်းတွေ မကြည့်ခင် မြန်မာဝယ်သူတိုင်း အရင်ဆုံး သိထားသင့်တဲ့ အခြေခံအချက်လေးတွေကို စုစည်းပေးထားပါတယ်။ ကိုယ့်အမည်ပေါက် တစ်သက်တာ ပိုင်ဆိုင်ခွင့် (Freehold)၊ FET ငွေလွှဲနည်း၊ အပိုကုန်ကျစရိတ်၊ အငှားဝန်ဆောင်မှုနဲ့ ကိုယ်နဲ့အကိုက်ညီဆုံး အခန်းရွေးချယ်ပုံ အဆင့်ဆင့်ကို ဒီတစ်နေရာတည်းမှာ အေးအေးဆေးဆေး လေ့လာဖတ်ရှုနိုင်ပါပြီခင်ဗျာ။
တိုင်ပင်ပြီးမှ သင့်တော်တဲ့
အခန်းကိုဘဲ ရောင်းပါတယ်
ထိုင်းမှာ ကွန်ဒိုဝယ်မယ်ဆိုရင် ၁၄ ရက် ဗီဇာနဲ့ပဲလာလာ၊ ၂ လ ဗီဇာနဲ့ပဲလာလာ စိတ်အေးအေးနဲ့ ဝယ်လို့ရပါတယ်ခင်ဗျာ။
ထိုင်းဥပဒေအရ နိုင်ငံခြားသားတွေအနေနဲ့ မြေကွက်ကို ကိုယ့်အမည်ပေါက်နဲ့ တိုက်ရိုက် ဝယ်ခွင့်မရှိပေမဲ့၊ ကွန်ဒိုအခန်းကိုတော့ နိုင်ငံခြားသား ဝယ်ယူခွင့် အချိုးအစား (Foreign Quota — မေးခွန်း ၂ တွင် ကြည့်ပါ) အတွင်းမှာ ကိုယ့်အမည်ပေါက်နဲ့ တရားဝင် ဝယ်ယူပိုင်ဆိုင်ခွင့် ပေးထားပါတယ်။ လိုအပ်တာကလည်း သက်တမ်းရှိ Passport၊ ဝယ်မယ့်အခန်းမှာ Foreign Quota ကျန်သေးတာနဲ့ အမည်ပြောင်းချိန်မှာ တင်ပြရမယ့် ပြည်ပမှ ငွေလွှဲဝင်ကြောင်း အထောက်အထား (FET — မေးခွန်း ၄ တွင် ကြည့်ပါ) ဒီအချက်လေးတွေပါပဲ။ နေထိုင်ခွင့် ဗီဇာနဲ့ ပိုင်ဆိုင်ခွင့်က သီးခြားစီမို့ ဗီဇာအမျိုးအစားကြောင့် ဝယ်ခွင့် ကန့်သတ်တာမျိုး လုံးဝ မရှိပါဘူးခင်ဗျာ။
သတိပြုစရာလေးတစ်ခုကတော့ အခန်းတိုင်းကို Foreign Quota နဲ့ ဝယ်လို့ရတာ မဟုတ်ပါဘူး။ Project တစ်ခုမှာ နိုင်ငံခြားသားကို ရောင်းပေးနိုင်တဲ့ အချိုးအစား ကန့်သတ်ထားတာမို့ ကိုယ့်စိတ်ဝင်စားတဲ့ အခန်းမှာ Quota ကျန်သေးရဲ့လားဆိုတာ အရင်ဆုံး စစ်ဆေးအတည်ပြုဖို့ လိုပါတယ်ခင်ဗျာ။
Freehold ဆိုတာ သက်တမ်းကန့်သတ်ချက် မရှိဘဲ တစ်သက်တာ အပြည့်အဝ ပိုင်ဆိုင်ခွင့် ကို ပြောတာပါခင်ဗျာ။ Foreign Quota ဆိုတာကတော့ Project တစ်ခုလုံးရဲ့ ရောင်းချခွင့်ရှိတဲ့ ဧရိယာထဲက နိုင်ငံခြားသားတွေကို ရောင်းခွင့်ပြုထားတဲ့ အချိုးအစား ဖြစ်ပါတယ်။
Foreign Quota Freehold နဲ့ ဝယ်ယူလိုက်ပြီဆိုရင် အခန်းကို လူကြီးမင်းရဲ့ အမည်ပေါက် နဲ့ Land Office မှာ တရားဝင် မှတ်ပုံတင်ပြီး ဂရန်စာအုပ် Title Deed (Chanote) ကို ပထမဆုံးပိုင်ရှင် (First Owner) အနေနဲ့ လက်ဝယ် ရရှိမှာပါ။ ကွန်ဒိုအသစ်ဆိုရင် ကိုယ်က ပထမဆုံး အမည်ပေါက် ပိုင်ရှင် ဖြစ်ပါတယ်။
(မှတ်ချက် - နှစ်ရှည်ငှားရမ်း ပိုင်ဆိုင်ရတဲ့ Leasehold ပုံစံနဲ့ မတူပါဘူး။ Leasehold က သက်တမ်းကုန်ရင် သက်တမ်းပြန်တိုးရတဲ့ ကိစ္စတွေ ရှိပါတယ်။ ဒါကြောင့် ဝယ်ခါနီးတိုင်းမှာ ကိုယ့်အခန်းက Freehold ဟုတ်မဟုတ်၊ Foreign Quota အတွင်း ပါမပါ အမြဲ အတည်ပြုပေးပါတယ်ခင်ဗျာ။)
လူကြီးမင်း တစ်ယောက်တည်း ကွန်ဒို အခန်းများစွာ တစ်ပြိုင်တည်း ဝယ်ယူလို့လည်း ရပါတယ် — အခန်းတိုင်းကို Foreign Quota Freehold အနေနဲ့ ကိုယ့်အမည်နဲ့ ပိုင်ဆိုင်နိုင်ပြီး၊ အဆောက်အအုံရဲ့ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် ၄၉% ကန့်သတ်ချက်အတွင်း ဖြစ်ရပါမယ်။ ဥပမာ — ဝယ်သူတစ်ယောက် ကွန်ဒို ၃ ခန်း တစ်ပြိုင်တည်း ဝယ်ယူခဲ့ပါတယ်။
Project တစ်ခုနဲ့တစ်ခု အသေးစိတ်လေးတွေ အနည်းငယ် ကွာနိုင်ပေမဲ့ အခြေခံ ဝယ်ယူမှု အဆင့်ဆင့်ကတော့ ရိုးရှင်းပါတယ်ခင်ဗျာ။
ကျွန်တော်တို့ Realtor YAYA အဖွဲ့က အခန်းစရွေးတဲ့ အဆင့်ကနေ ကိုယ့်အမည်ပေါက် စာအုပ် လက်ထဲရောက်တဲ့အထိ အဆင့်တိုင်းမှာ ဘေးကနေ အစအဆုံး လိုက်ပါဆောင်ရွက်ပေးပါတယ်ခင်ဗျာ။
FET (Foreign Exchange Transaction) ဆိုတာ ကွန်ဒိုဝယ်ဖို့ ငွေတွေကို နိုင်ငံခြားကနေ ထိုင်းနိုင်ငံထဲကို လွှဲဝင်လာကြောင်း ပြရတာ ပါခင်ဗျာ။ လူကြီးမင်းရဲ့ အခြေအနေပေါ် မူတည်ပြီး ရွေးချယ်စရာ နည်းလမ်း ၂ မျိုး ရှိပါတယ်ခင်ဗျာ။
လူကြီးမင်း ကိုယ်တိုင်မှာဖြစ်ဖြစ်၊ မိသားစုဝင် ဒါမှမဟုတ် ဆွေမျိုးမိတ်ဆွေ တစ်ယောက်ယောက်မှာဖြစ်ဖြစ် နိုင်ငံခြားဘဏ်အကောင့် ရှိတယ်ဆိုရင် အဲဒီအကောင့်ကနေ Developer ရဲ့ ထိုင်းဘဏ်အကောင့်ဆီ တိုက်ရိုက် လွှဲပေးလို့ ရပါတယ်။ ဒီနည်းလမ်းက ဘဏ်ကနေ FET ကို တန်းထုတ်ပေးတာမို့ အပို ဝန်ဆောင်ခ လုံးဝ မကုန်ဘဲ ကွန်ဒိုတန်ဖိုး အတိအကျကိုပဲ လွှဲရမှာပါ။ (ငွေလွှဲတဲ့အခါ ရည်ရွယ်ချက်နေရာမှာ ကွန်ဒိုဝယ်ယူရန် ဆိုတာကို မှန်မှန်ကန်ကန် ထည့်ရေးဖို့တော့ လိုပါတယ်ခင်ဗျာ။)
တကယ်လို့ နိုင်ငံခြားဘဏ်အကောင့် မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ ငွေလွှဲ Agent မှတစ်ဆင့်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထိုင်းဘဏ်အကောင့်ကနေ ဘတ်ငွေနဲ့ဖြစ်ဖြစ် တိုက်ရိုက် ပေးချေလို့ ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းကနေ လွှဲတာဖြစ်လို့ FET အထောက်အထား တန်းမပါတဲ့အတွက် FET ရရှိအောင် သီးသန့် Service နဲ့ သီးခြား စီစဉ်ဆောင်ရွက်ရပါတယ်။
နည်းလမ်း ၂ ရဲ့ ဝန်ဆောင်ခ အကြောင်း — ဒီဝန်ဆောင်ခက Project နဲ့ အခန်းတန်ဖိုးပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဘတ် ၅၀,၀၀၀–၆၀,၀၀၀ ကနေ စတင် ကုန်ကျနိုင်ပြီး၊ ကြိုတင်ပေးစရာ မလိုပါဘူး — အရစ်ကျနဲ့ ဝယ်ရင် အရစ်ကျကာလပြီးလို့ ငွေအကြေချေပြီးချိန်၊ အမည်ပြောင်းတဲ့ အဆင့်ရောက်မှ ပေးချေရတာဖြစ်ပြီး၊ လက်ငင်းဆိုရင်တော့ သတ်မှတ် ကာလ ၂/၃/၄ လ အတွင်း ငွေအပြည့်ချေရင်းနဲ့ အတူတူ ပေးချေရတာ ဖြစ်ပါတယ်။ အတိအကျ ကုန်ကျစရိတ်ကို စာချုပ်မချုပ်ခင်ကတည်းက ကြိုတင် တွက်ချက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
ဒါကြောင့် ငွေကို ဘယ်လမ်းကြောင်းကနေ လွှဲမလဲဆိုတာ ဝယ်ခါနီးမှ ကပ်စဉ်းစားတာမျိုး မဟုတ်ဘဲ အစကတည်းက ကြိုတင်စီစဉ်ထားဖို့ အရမ်းအရေးကြီးပါတယ်။
အခန်းဈေးအပြင် ကြိုတင်သိထားသင့်တဲ့ အပိုကုန်ကျစရိတ်တွေက Project အလိုက် နှုန်းထား အနည်းငယ် ကွာနိုင်ပေမဲ့ ယေဘုယျအားဖြင့် ဒီခေါင်းစဉ်လေးတွေပဲ ရှိပါတယ်ခင်ဗျာ။
Swimming Pool နဲ့ Gym အသုံးပြုခ — ရေကူးကန်၊ Gym / Fitness၊ လုံခြုံရေးနဲ့ ကားပါကင် စတဲ့ ဘုံ Facility တွေရဲ့ အသုံးပြုခဟာ အပေါ်မှာ ပြောခဲ့တဲ့ Maintenance Fee (ဘုံထိန်းသိမ်းခ) ထဲမှာ အကုန်ပါပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ရေကူးတိုင်း၊ Gym ဆော့တိုင်း သီးသန့် ထပ်ပေးစရာ လုံးဝ မလိုပါဘူးခင်ဗျာ။ (တချို့ Project တွေမှာ သီးသန့် အစည်းအဝေးခန်း ကြိုတင်မှာယူတာမျိုးလို ခြွင်းချက်လေးတွေတော့ ရှိနိုင်တာမို့ စိတ်ဝင်စားတဲ့ Project ရဲ့ စည်းကမ်းကို သေချာ အတည်ပြုပေးပါ့မယ်။)
(မှတ်ချက် - တချို့ Project တွေမှာ အထူး Promotion အနေနဲ့ Transfer Fee၊ Sinking Fund နဲ့ ပထမနှစ် Maintenance Fee တွေကို အခမဲ့ လက်ဆောင်ပေးထားတာမျိုးလည်း ရှိပါတယ်။ ဒါတွေက Project အလိုက်၊ အချိန်ကာလ အလိုက် ပြောင်းလဲနိုင်လို့ သက်ဆိုင်ရာ Project စာမျက်နှာနဲ့ Chat Box မှာ အတိအကျ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။)
Payment Plan က Project အလိုက်၊ အခန်းအလိုက် မတူပါဘူးခင်ဗျာ။ ဒါပေမဲ့ ယေဘုယျ ပုံစံလေးတွေကို သိထားရင် နှိုင်းယှဉ်ရတာ ပိုလွယ်ကူပါတယ်။
ကိုယ်တိုင်နေဖို့ ဝယ်တာပဲဖြစ်ဖြစ်၊ အငှားချဖို့ ဝယ်တာပဲဖြစ်ဖြစ် Payment Plan ကတော့ အတူတူပါပဲခင်ဗျာ။ ရည်ရွယ်ချက်ကြောင့် ငွေပေးချေမှု ပုံစံ ပြောင်းသွားတာမျိုး မရှိပါဘူး။ ကွာခြားသွားတာက ကိုယ့်ရည်ရွယ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် အခန်း (အထပ်၊ မျက်နှာမူရာ အရပ်၊ အခန်းအကျယ်) ကို ရွေးချယ်ပေးတာပဲ ဖြစ်ပါတယ်။
(မှတ်ချက် - နိုင်ငံခြားသားတွေအတွက် ထိုင်းဘဏ်ကနေ Home Loan ချေးငွေ ယူဖို့က ကန့်သတ်ချက် အရမ်းများပါတယ်။ ဒါကြောင့် ဝယ်သူအများစုက ကိုယ်ပိုင်ငွေနဲ့ Developer ရဲ့ အရစ်ကျ အစီအစဉ်ကို တွဲသုံးပြီး ဝယ်ယူကြတာ များပါတယ်ခင်ဗျာ။)
ဟုတ်ကဲ့၊ အေးအေးဆေးဆေး ပြန်ငှားထားလို့ ရပါတယ်ခင်ဗျာ။ ကိုယ်တိုင် မနေဖြစ်သေးတဲ့ ကာလမှာ အငှားချထားပြီး လစဉ် ပုံမှန် ဝင်ငွေ တစ်ခု ရယူနိုင်ပါတယ်။ ကိုယ်တိုင်နေဖို့ ဝယ်တာနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဝယ်တာကြားမှာ ဝယ်ယူခွင့် ကွာခြားချက် လုံးဝ မရှိပါဘူး။
ငှားခ ပမာဏကတော့ Project တစ်ခုနဲ့တစ်ခု၊ အခန်းတစ်ခန်းနဲ့တစ်ခန်း အများကြီး ကွာခြားနိုင်ပါတယ်။ အဓိက မူတည်တာတွေကတော့ —
ဒါကြောင့် ဒီအထွေထွေ စာမျက်နှာမှာ ငှားခ ဂဏန်းတစ်ခုကို အသေသတ်မှတ်ပြီး မဖော်ပြထားပါဘူးခင်ဗျာ။ ဂဏန်းမှန်မှန်ကန်ကန် သိရဖို့ဆိုရင် လူကြီးမင်း ကြည့်နေတဲ့ Project အလိုက်၊ အခန်းအလိုက် လက်ရှိ ဈေးကွက်ပေါက်ဈေးနဲ့ သီးသန့် တွက်ချက်ပြပေးတာ ပိုတိကျပါတယ်။
(မှတ်ချက် - ငှားခဆိုတာ ဈေးကွက်အခြေအနေပေါ် မူတည်ပြီး အတက်အကျ ရှိတတ်တာမို့ ဘယ် Agent ကမှ ငှားခကို ပုံသေ အာမခံလို့ မရပါဘူး။ ဒါပေမဲ့ အငှားဝင်ငွေလေး ရှိနေတဲ့အခါ အရစ်ကျ ပေးသွင်းနေရတဲ့ ကာလမှာ ကိုယ့်အိတ်ထဲက စိုက်ထုတ်ရတဲ့ ဝန်ကို အများကြီး သက်သာစေပါတယ်ခင်ဗျာ။)
ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ Realtor YAYA ဆီကနေ ဝယ်ယူအားပေးတဲ့ လူကြီးမင်းတို့ အဆင်ပြေစေဖို့ အငှားဝန်ဆောင်မှုကို ပုံစံ ၂ မျိုး စီစဉ်ပေးထားပါတယ်။
အိမ်ငှား ရှာဖွေပေးတာနဲ့ အငှားစာချုပ် ချုပ်ဆိုပေးတာကို ဝန်ဆောင်ခ လုံးဝ မယူဘဲ အခမဲ့ ကူညီဆောင်ရွက်ပေးပါတယ်။ (လစဉ် စီမံခန့်ခွဲမှုတော့ မပါဝင်ပါဘူးခင်ဗျာ။)
အိမ်ငှားခ တစ်လစာ ဝန်ဆောင်ခနဲ့ အိမ်ငှားရှာပေးတဲ့အပြင်၊ ၁ နှစ်ပတ်လုံး လစဉ် ငှားခ ကောက်ခံပေးတာ၊ အခန်းတွင်း ပြုပြင်ထိန်းသိမ်းမှု ကိစ္စတွေကို ကြားခံ ညှိနှိုင်း စီမံပေးတာတွေ အကုန် တာဝန်ယူပေးပါတယ်။ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ထုံးစံအရလည်း အိမ်ငှားရှာပေးခ (Tenant-placement Fee) က ငှားခ တစ်လစာပဲ ဖြစ်ပါတယ်ခင်ဗျာ။
(မှတ်ချက် - အိမ်ငှား မြန်မြန်ရဖို့က ဈေးကွက်ပေါက်ဈေးအတိုင်း သင့်တင့်တဲ့ ငှားခ ထားတာနဲ့ အခန်းတွင်း ပြင်ဆင်မှု သပ်ရပ်လှပမှုပေါ် များစွာ မူတည်ပါတယ်။ အိမ်ငှား ရမယ်လို့ အသေအချာ ကတိမပေးနိုင်ပေမဲ့ အမြန်ဆုံး အငှားထွက်အောင် အစွမ်းကုန် ကြိုးစားပေးပြီး အခန်း Decoration အပိုင်းကိုလည်း သေချာ အကြံပြု စီစဉ်ပေးပါတယ်ခင်ဗျာ။)
ဒီမေးခွန်းကတော့ Project တစ်ခုနဲ့တစ်ခု လုံးဝ ကွာခြားပါတယ်ခင်ဗျာ။ General အဖြေ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
အကြံပြုချက် — ကိုယ့်ရဲ့ အချစ်တော်လေးတွေနဲ့ အတူနေမယ်ဆိုရင် ဝယ်ခါနီးတိုင်းမှာ အဲဒီ Project ရဲ့ Pet မူဝါဒကို အခန်းတစ်ခန်းချင်းအလိုက် သေချာ အတည်ပြုဖို့ အရေးကြီးဆုံးပါ။ ဥပမာ ARLO Sukhumvit 105 မှာဆိုရင် အဆောက်အအုံ ၄ ဆောင်လုံး Pet မွေးခွင့် ရှိပါတယ်။ ဒါပေမဲ့ Pet အမျိုးအစား၊ အကောင်ရေနဲ့ အရွယ်အစား ကန့်သတ်ချက်၊ မှတ်ပုံတင် စည်းကမ်းတွေကိုတော့ မဝယ်ခင်ကတည်းက အတိအကျ အတည်ပြုပေးပါမယ်။ Pet-Friendly ရွေးချယ်စရာတွေ ဖြစ်တဲ့ ARLO Sukhumvit 105 နဲ့ Aspire Sukhumvit 103 တို့အတွက် သီးသန့် စာမျက်နှာလေးတွေမှာလည်း အသေးစိတ် ဝင်ဖတ်နိုင်ပါတယ်ခင်ဗျာ။
Room Inspection ဆိုတာ ကွန်ဒိုအသစ်တစ်ခန်းကို အခန်းပိုင်ရှင်ဆီ အပြီးသတ် မလွှဲအပ်ခင်မှာ အခန်းထဲမှာ ချို့ယွင်းချက်တွေ ရှိမရှိ ကြိုတင်စစ်ဆေးပြီး ပြန်ပြင်ခိုင်းရတဲ့ အခန်းစစ်ဆေးခြင်း အဆင့် ကို ပြောတာပါခင်ဗျာ။ အခန်းကို စကြည့်ခဲ့တုန်းက အတိုင်း တန်းပြီး လက်ခံယူရတာ မဟုတ်ပါဘူး။
စစ်ဆေးရေးအဖွဲ့ ရွေးချယ်တဲ့အခါမှာ နည်းလမ်း ၂ မျိုး ရှိပါတယ် —
Developer အဖွဲ့နဲ့ စစ်ဆေးခြင်း — Developer ဘက်က အဖွဲ့နဲ့ စစ်မယ်ဆိုရင် အဓိက စစ်ဆေးပေးမှာက ရေပိုက်လိုင်းနဲ့ လျှပ်စစ်မီးလိုင်း အလုပ်လုပ်ပုံတွေပါပဲ။ ကျန်တဲ့ နံရံ၊ ကြမ်းခင်း စတာတွေကိုတော့ အသေးစိတ် မစစ်ပေးတတ်ပါဘူး။
3rd Party Inspector (ပြင်ပ ပညာရှင်အဖွဲ့) နဲ့ စစ်ဆေးခြင်း (Realtor YAYA မှ အထူး Recommend လုပ်ပါတယ်) — Developer နဲ့ သီးခြားလွတ်လပ်တဲ့ ပြင်ပ ပညာရှင်အဖွဲ့ကို ခေါ်စစ်တာကတော့ အခန်းရဲ့ စတုရန်းမီတာ (sqm) တစ်ခုချင်းစီကစပြီး နံရံ၊ ကြမ်းခင်း၊ တံခါး၊ ပြတင်းပေါက်၊ ရေပိုက်လိုင်းနဲ့ လျှပ်စစ်မီးလိုင်း အသေးစိတ် အကုန်လုံးကို အထူးကိရိယာတွေနဲ့ စစ်ဆေးပေးပါတယ်။ တွေ့ရှိတဲ့ ချို့ယွင်းချက် မှတ်တမ်း (Defect Report) ကို အခန်းပိုင်ရှင်ဆီ Email နဲ့ ပို့ပေးသလို၊ ပြန်လည်ပြင်ဆင်ပေးဖို့ ကွန်ဒို (Developer) ဘက်ကိုလည်း စာအုပ်နဲ့ တရားဝင် ပေးပို့ပါတယ်။
3rd Party နဲ့ စစ်ဆေးဖို့ ဘာကြောင့် အကြံပြုရသလဲဆိုရင် —
၂ ကြိမ် အပြီးအစီး စစ်ဆေးပေးခြင်း: ပထမအကြိမ် စစ်ဆေးတွေ့ရှိတဲ့ ချို့ယွင်းချက်တွေကို Developer ဘက်က ပြင်ဆင်ပြီးတဲ့အခါ သေချာ ကောင်းမွန်သွားပြီလားဆိုတာ နောက်တစ်ကြိမ် ထပ်စစ်ပေးတာမို့ စုစုပေါင်း ၂ ကြိမ် စစ်ဆေးပေးပါတယ်။ ဝန်ဆောင်ခကတော့ အခန်းအကျယ် (sqm) အလိုက် တွက်ယူတာဖြစ်ပြီး ၂ ကြိမ်စာ အပြီးအစီးကို အနည်းဆုံး ၂,၈၀၀ ဘတ် လောက်ကနေ စပါတယ်ခင်ဗျာ။
ဝင်နေပြီးမှ ပြဿနာ မတက်စေရန်: Room Inspection သေချာ မစစ်ထားဘဲ အလျင်စလို လက်ခံပြီး အိမ်ခန်းထဲ ဝင်ရောက်နေထိုင်ပြီးမှ Error တွေ ပေါ်လာခဲ့ရင် တချို့ကွန်ဒိုတွေက အခမဲ့ ပြန်ပြင်ပေးတာ ရှိပေမဲ့၊ တချို့ကွန်ဒိုတွေကျတော့ ပြင်ဆင်ခ ကုန်ကျစရိတ် ပြန်ကောက်ခံတာမျိုး ဒါမှမဟုတ် ပြင်ပက ပြင်တဲ့အဖွဲ့ကို ကိုယ့်ဘာသာ ခေါ်ပါလို့ ပြောတတ်တာမျိုးတွေ ရှိပါတယ်။
ဒါကြောင့် လူကြီးမင်း လက်ခံရရှိမယ့် အခန်းဟာ မူလ ကြည့်ခဲ့တုန်းကထက်တောင် ပိုသပ်ရပ်ပြီး အပြစ်အနာအဆာ ကင်းစင်တဲ့ အခန်း ဖြစ်နေစေဖို့ ကျွန်တော်တို့ Realtor YAYA အနေနဲ့ 3rd Party Inspector ခေါ်ပြီး စစ်ဆေးဖို့ အထူး Recommend လုပ်ပေးပါတယ်ခင်ဗျာ။
ဈေးအနည်းဆုံး အခန်းကို ရွေးတာထက် ကိုယ့်ရည်ရွယ်ချက်နဲ့ အကိုက်ညီဆုံး အခန်း ကို ရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးပါခင်ဗျာ။ အခန်းမရွေးခင် ဒီအချက် ၆ ချက်ကို အရင် စဉ်းစားကြည့်စေချင်ပါတယ်။
ကျွန်တော်တို့ Realtor YAYA ရဲ့ မူဝါဒက ရှင်းပါတယ် — “သေချာတိုင်ပင်ပြီးမှ၊ သင့်တော်တဲ့ အခန်းပဲ ရောင်းမယ်”။ မကိုက်ညီရင် အတင်းအကျပ် မရောင်းပါဘူး။ လူကြီးမင်းရဲ့ Budget၊ လိုချင်တဲ့ တည်နေရာနဲ့ အခန်းအကျယ်လေးကို ပြောပြပေးရင် အကိုက်ညီဆုံး ရွေးချယ်စရာတွေကို နှိုင်းယှဉ်ပြပေးပါမယ်ခင်ဗျာ။
ထိုင်းနိုင်ငံမှာ အခန်းအကျယ်ကို sqm (စတုရန်းမီတာ) နဲ့ ဖော်ပြလေ့ရှိပြီး၊ မြန်မာဝယ်သူတွေကတော့ sqft (စတုရန်းပေ) နဲ့ ပိုရင်းနှီးကြပါတယ်။ အလွယ်ကူဆုံး ပြောင်းတွက်နည်းကတော့ —
1 sqm ≈ 10.764 sqft ဖြစ်ပါတယ်။ ဥပမာ 28 sqm ဆိုရင် 301 sqft ဝန်းကျင်၊ 30 sqm ဆိုရင် 323 sqft ဝန်းကျင်၊ 35 sqm ဆိုရင် 377 sqft ဝန်းကျင် ရှိပါတယ်။ နှိုင်းယှဉ်တဲ့အခါ နှစ်မျိုးလုံး ယှဉ်ကြည့်ရင် မျက်စိထဲ ပိုမြင်လွယ်ပါတယ်။
Project တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့ အောက်က သက်ဆိုင်ရာ စာမျက်နှာတွေမှာ ဖတ်နိုင်ပါတယ်။
ဒီ Project အတွက် သီးသန့် စာမျက်နှာ ထပ်လုပ်ပေးသွားပါမယ်။
(စိတ်ဝင်စားတဲ့ Project အမည်လေးကို Chat Box မှာ ပြောပြပေးရင် သက်ဆိုင်ရာ အခန်းပုံ၊ ဗီဒီယိုနဲ့ နောက်ဆုံးရ ဈေးနှုန်းအခြေအနေတွေကို သီးသန့် ပို့ပေးပါ့မယ်ခင်ဗျာ။)
ဘတ် ၁ သန်းကျော်နဲ့ ရောင်းတဲ့ ကွန်ဒိုဆိုတာ BOI ကွန်ဒိုပါ။ BOI (Board of Investment) ဆိုတာ ထိုင်းအစိုးရက ဝင်ငွေနည်းတဲ့ ထိုင်းနိုင်ငံသားတွေ ရထားဘူတာနဲ့ နီးတဲ့နေရာမှာ ဈေးသက်သက်သာသာနဲ့ ကိုယ်ပိုင်အိမ် ဝယ်နိုင်အောင် Developer တွေကို အခွန်လျှော့ပေါ့ပေးပြီး အားပေးထားတဲ့ အစီအစဉ်ပါခင်ဗျာ။
ဈေးသက်သာရတဲ့ အကြောင်းက ၂ ချက် ရှိပါတယ် — အစိုးရ အခွန်လျှော့ပေးထားတာရယ်၊ Developer က ကိုယ်တိုင်ဆောက်လို့ ကုန်ကျစရိတ် သက်သာတာရယ်ပါ။ ဒါပေမဲ့ ဈေးချိုတိုင်း ဘယ်သူမဆို ဝယ်လို့မရပါဘူး — ထိုင်းနိုင်ငံသားတွေဆိုရင် လစဉ်ဝင်ငွေ ဘတ် ၅၀,၀၀၀ ထက် မပိုရဘူး၊ တစ်ယောက် တစ်ခန်းပဲ ဝယ်လို့ရပါတယ်။
ဒီအခန်းတွေကို ထိုင်းနိုင်ငံသားတွေကို အရင်ဦးစားပေး ရောင်းပါတယ်။ မြန်မာဝယ်သူတွေအနေနဲ့တော့ ထိုင်းနိုင်ငံသားတွေ ဝယ်ပြီးလို့ ကျန်တဲ့ Foreign Quota အခန်း ဒါမှမဟုတ် ပြန်လည်ရောင်းချတဲ့ (Resale) အခန်းတွေကို ပုံမှန်ဈေးကွက်ပေါက်ဈေးနဲ့ ဝယ်ယူရတာမို့ ဈေးနှုန်းချင်းတော့ ကွာခြားပါတယ်ခင်ဗျာ။
ဥပမာအားဖြင့် Regent Green Power ရဲ့ project တွေထဲမှာ Reach Sukhumvit 107, Reach Sukhumvit 93, RYE Huamak, RYE Sukhumvit 101, Regent Home Bangna, Regent Home Wutthakat တို့ ပါဝင်ပါတယ်။
ဟုတ်ကဲ့၊ စိတ်ချလက်ချ ဝယ်လို့ရပါတယ်ခင်ဗျာ။ ဘန်ကောက်ကို ကိုယ်တိုင် မလာနိုင်သေးရင်လည်း အခန်းဗီဒီယိုတွေနဲ့အတူ တိုက်ရိုက် Video Call ခေါ်ပြီး အသေးစိတ် ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ အခန်းရွေးချယ်တဲ့ အဆင့်ကနေ စာရွက်စာတမ်း ကိစ္စအဝဝကို ကျွန်တော်တို့အဖွဲ့က ကိုယ်စား လိုက်ပါဆောင်ရွက်ပေးပြီး၊ ကိုယ့်အမည်ပေါက် Title Deed လက်ဝယ်ရောက်တဲ့အထိရော၊ ပြန်ငှားချင်ရင် အငှားတင်ပေးတဲ့အထိပါ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကိုယ်တိုင် ထိုင်းမှာ မရှိသေးရင်လည်း Power of Attorney (ကိုယ်စားလှယ် ခန့်အပ်လွှာ) နဲ့ ယုံကြည်စိတ်ချရတဲ့ ကိုယ်စားလှယ် — ဥပမာ ကျွန်တော်တို့ Realtor YAYA အဖွဲ့ — ကို ကြားထဲက စာရွက်စာတမ်း လက်မှတ်ထိုးဖို့နဲ့ အမည်ပြောင်းပြီးချိန်မှာ Title Deed နဲ့ Owner Book တို့ကို ကိုယ်စား ထုတ်ယူပေးဖို့ ခန့်အပ်နိုင်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဆီကနေ ကွန်ဒို ၃ ခန်း တစ်ပြိုင်တည်း ဝယ်ယူခဲ့တဲ့ ဝယ်သူတစ်ယောက်ဆိုရင် ကိုယ်တိုင် လာမယူနိုင်တဲ့အခါ အဖွဲ့က Power of Attorney နဲ့ စာရွက်စာတမ်း ကိစ္စအဝဝကို ကိုယ်စား အစအဆုံး ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူး သတိပြုရမယ့် အချက် — အခန်းရွေးတာ၊ စာချုပ်ချုပ်တာတွေကို အဝေးကနေ လုပ်လို့ရပေမဲ့၊ Land Office မှာ ကိုယ့်အမည်ပေါက် တရားဝင် ပြောင်းလဲ/ထည့်သွင်းမယ့် အချိန်ကျရင်တော့ ထိုင်းနိုင်ငံကို ၁ ရက်တော့ မဖြစ်မနေ လာရောက်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။ အမည်လွှဲပြောင်းမှု လုပ်ငန်းစဉ် ပြီးစီးသွားပြီဆိုရင်တော့ နောက်ဆက်တွဲ ထွက်လာမယ့် Owner Book နဲ့ Title Deed စာအုပ်တွေကို လူကြီးမင်း ကိုယ်တိုင် ထပ်စောင့်စရာ မလိုဘဲ Power of Attorney နဲ့ ကျွန်တော်တို့အဖွဲ့က ကိုယ်စား ထုတ်ယူပေးလို့ ရပါတယ်ခင်ဗျာ။ ယုံကြည်စိတ်ချရဖို့အတွက် ကျွန်တော်တို့ဆီကနေ အဝေးကနေပဲ ဝယ်ယူပြီး အိမ်ပိုင်ရှင် စာအုပ်အပြာ (Owner Book / Tabien Baan) နဲ့ ဂရန်စာအုပ် (Title Deed) အပ်နှံပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း အများကြီး ရှိပါတယ်ခင်ဗျာ။
အခန်းရောင်းလိုက်တာနဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ၊ လူကြီးမင်း အိမ်သစ်မှာ စိတ်ချမ်းချမ်းသာသာနဲ့ ဝင်ရောက်နေထိုင် အသားကျသွားတဲ့အထိ နောက်ဆက်တွဲ တာဝန်ယူ ကူညီပေးပါတယ်ခင်ဗျာ။ အိမ်အတွက် လိုအပ်တဲ့ ပရိဘောဂတွေ၊ လျှပ်စစ်ပစ္စည်းတွေ (ဥပမာ HomePro, IKEA စသဖြင့်) ကိုယ်တိုင် မလာနိုင်ရင်တောင် အွန်လိုင်းကနေ တိုင်ပင်ရွေးချယ်ပြီး လိုက်လံဝယ်ယူ တပ်ဆင်ပေးတာကအစ အခန်းတွင်းပိုင်း အလှဆင် ပြင်ဆင်မှုတွေအထိ အစအဆုံး ဘေးကနေ ကူညီဆောင်ရွက်ပေးပါတယ်။
Title Deed (Chanote / Nor Sor 4 Jor) ဆိုတာ လူကြီးမင်းရဲ့ ကွန်ဒိုအခန်းကို တရားဝင် ပိုင်ဆိုင်ကြောင်း သက်သေပြတဲ့ မူရင်းဂရန်စာအုပ် ဖြစ်ပါတယ်ခင်ဗျာ။ ထိုင်းမြေယာဌာန (Land Department) ကနေ တရားဝင် ထုတ်ပေးတာဖြစ်ပြီး အပေါ်မှာ ထိုင်းနိုင်ငံတော်တံဆိပ် (Garuda တံဆိပ်) ပါရှိပါတယ်။ ကွန်ဒိုအခန်းအတွက် ဆိုရင်တော့ ဂရန်စာအုပ်ပေါ်မှာ ပိုင်ရှင်အမည်၊ အခန်းနံပါတ်နဲ့ အခန်းအကျယ်အဝန်း အချက်အလက်တွေ အတိအကျ ပါဝင်ပါတယ်။
ဂရန်စာအုပ် လက်ခံရရှိတဲ့အခါမှာ အဓိက စစ်ဆေးရမယ့် အချက်လေးတွေကတော့ —
ကျွန်တော်တို့ Realtor YAYA အဖွဲ့က အမည်လွှဲပြောင်းတဲ့ ကိစ္စရပ်တွေ အားလုံး ပြီးစီးသွားတာနဲ့ ဒီစာရွက်စာတမ်းတွေကို သေချာစစ်ဆေးပြီး လူကြီးမင်းလက်ထဲ တိုက်ရိုက် အပ်နှံပေးပါတယ်ခင်ဗျာ။
Land Office မှာ အမည်လွှဲပြောင်းမှု ပြီးစီးသွားပြီဆိုရင် လူကြီးမင်း လက်ထဲကို အရေးကြီး စာရွက်စာတမ်း ၃ မျိုး တရားဝင် ရောက်ရှိလာမှာ ဖြစ်ပါတယ်ခင်ဗျာ —
ကျွန်တော်တို့ Realtor YAYA အဖွဲ့က ဒီစာရွက်စာတမ်းတွေ အားလုံးကို စနစ်တကျ စုစည်းစစ်ဆေးပြီး လူကြီးမင်းထံ တိုက်ရိုက် အပ်နှံပေးပါတယ်ခင်ဗျာ။
အထွေထွေ အချက်တွေကို သိပြီးရင်၊ စိတ်ဝင်စားတဲ့ Project ရဲ့ အသေးစိတ်ကို သီးသန့် စာမျက်နှာမှာ ဆက်ဖတ်နိုင်ပါတယ်ခင်ဗျာ။
BTS Bearing အနီး၊ Sukhumvit 107 — ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်၊ Facility နဲ့ Pet မူဝါဒ အပါအဝင် မေးခွန်း ၁၅ ခု အပြည့်အစုံ။
Q&A ဖွင့်ဖတ်ရန်Pet-Friendly ရွေးချယ်စရာ — Pet မူဝါဒ၊ အခန်းအမျိုးအစားနဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်Pet-Friendly ရွေးချယ်စရာ — Pet မူဝါဒ၊ အခန်းအမျိုးအစားနဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်High-rise · Tower A အထပ် ၃၀ / Tower B အထပ် ၂၇ · အခန်းပေါင်း ၁,၁၆၀ · Freehold · Ready to Move In — Studio မှ ~၂,၅၈၂,၀၀၀ ဘတ်။
Q&A ဖွင့်ဖတ်ရန်Soi Sukhumvit 93, Bang Chak — ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်BTS / MRT Samrong Interchange အနီး — ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်ဈေးနှုန်း၊ Payment Plan၊ အခန်းအကျယ်နဲ့ အသေးစိတ်ကို သီးသန့် Q&A စာမျက်နှာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။
Q&A ဖွင့်ဖတ်ရန်8 ထပ် Low-rise · အဆောက်အအုံ ၅ လုံး · အခန်း ၈၅၁ · Freehold · Ready to Move In — Studio မှ ~၂,၂၇၀,၀၀၀ ဘတ်။
Q&A ဖွင့်ဖတ်ရန်BTS On Nut မှ ၂၀၀ မီတာ · အထပ် ၃၇ · အခန်း ၆၉၆ — 1 Bed ၂၇ sqm မှ ၃,၇၀၀,၀၀၀ ဘတ်။
Q&A ဖွင့်ဖတ်ရန်Huamak — သီးသန့် စာမျက်နှာကို နောက်ထပ် လုပ်ပေးသွားပါမယ်။ လောလောဆယ် အသေးစိတ်ကို Chat Box မှာ မေးမြန်းနိုင်ပါတယ်။
Chat Box မှာ မေးရန်“သေချာတိုင်ပင်ဆွေးနွေးပြီးမှ အသင့်တော်ဆုံး အခန်းကိုပဲ ရွေးချယ်ပေးပါမယ်” — ဒီစာမျက်နှာမှာ မပါဝင်သေးတဲ့ သိလိုရာ မေးခွန်းလေးတွေ ရှိရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်နေထိုင်ဖို့အတွက်ရော ရင်းနှီးမြှုပ်နှံပြီး ပြန်လည်ငှားရမ်းဖို့အတွက်ပါ ဘယ်အခန်းအမျိုးအစားနဲ့ အကိုက်ညီဆုံးဖြစ်မလဲဆိုတာ သိချင်ရင်ပဲဖြစ်ဖြစ် Realtor YAYA Page Chat Box မှာ အချိန်မရွေး လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။ အခန်းရွေးချယ်တဲ့ အဆင့်ကနေ စာရွက်စာတမ်း ကိစ္စရပ်တွေ ပြီးစီးတဲ့အထိ ဘေးကနေ အစအဆုံး အတူတကွ လိုက်ပါဆောင်ရွက်ပေးနေပါတယ်။ အခန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလိုပါကလည်း Chat Box ကနေတစ်ဆင့် ကြိုတင်အကြောင်းကြားပေးနိုင်ပြီး အဆင်ပြေဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်ခင်ဗျာ။
Chat Box တွင် ဆွေးနွေးရန်