Realtor YAYA
Future Move Properties

Supalai Parc
Ekkamai-Pattanakarn
အ​မေး​အ​များ​ဆုံး မေး​ခွန်း​များ

Pattanakarn လမ်း​မ​ကြီး​ပေါ်၊ Ekkamai နဲ့ Thonglor အ​နီး​မှာ ရှိ​တဲ့ High-rise ကွန်​ဒို Project ကောင်း​တစ်​ခု​ပါ​ခင်​ဗျာ။ ဆောက်​လုပ်​ပြီး​စီး​ပြီး​သား အ​သင့်​နေ​နိုင်​တဲ့ (Ready to Move In) Project ဖြစ်​တာ​မို့ အ​ခန်း​အ​စစ်​ကို ကိုယ်​တိုင် ဝင်​ကြည့်​ပြီး စိတ်​ကြိုက် ရွေး​ချယ်​နိုင်​ပါ​တယ်။ ဈေး​နှုန်း၊ အ​ခန်း​အ​မျိုး​အ​စား၊ Facility တွေ​နဲ့ အ​နီး​အ​နား အ​ချက်​အ​လက်​လေး​တွေ​ကို လက်​ရှိ ဈေး​စာ​ရင်း (Pricelist) အ​ရ စု​စည်း​ရှင်း​ပြ​ပေး​ထား​ပါ​တယ်​ခင်​ဗျာ။

Ready to Move Inဆောက်​လုပ်​ပြီး · အ​ခန်း​အ​စစ် ကြည့်​လို့​ရ
Freeholdကိုယ့်​အ​မည်​ပေါက် · တစ်​သက်​တာ ပိုင်​ဆိုင်​ခွင့်
ARL Ramkhamhaeng ၈၀၀ မီ​တာFree Shuttle Bus ပါ​ရှိ​ပါ​တယ်
မေး​ခွန်း ၁၂ ခု

Project အ​ကြောင်း

မေး​ခွန်း ၁Supalai Parc Ekkamai-Pattanakarn ဆို​တာ ဘာ​လဲ?

Supalai Parc Ekkamai-Pattanakarn က ထိုင်း​နိုင်​ငံ​ရဲ့ သက်​တမ်း​ရင့် နာ​မည်​ကြီး Developer ဖြစ်​တဲ့ Supalai PCL (၁၉၈၉ ခု​နှစ်​က​တည်း​က တည်​ထောင်​ထား​တဲ့ ကုမ္ပ​ဏီ) က တည်​ဆောက်​ထား​တာ​ပါ​ခင်​ဗျာ။

  • တည်​နေ​ရာ — Pattanakarn လမ်း​မ​ကြီး​ပေါ်၊ Ekkamai-Thonglor အ​နီး
  • မြေ​အ​ကျယ် — ၄.၅ ရိုင် (rai)
  • အ​ဆောက်​အ​အုံ — High-rise Tower A အ​ထပ် ၃၀ နဲ့ Tower B အ​ထပ် ၂၇ ဖြစ်​ပြီး အ​ခန်း​ပေါင်း ၁,၁၆၀ ခန်း ပါ​ဝင်​ပါ​တယ်
  • ပိုင်​ဆိုင်​ခွင့် — Freehold (ကိုယ့်​အ​မည်​ပေါက် တစ်​သက်​တာ ပိုင်​ဆိုင်​ခွင့်)
  • အ​ခြေ​အ​နေ — ဆောက်​လုပ်​ပြီး​စီး​ပြီး​သား Ready to Move In ဖြစ်​လို့ အ​ခန်း​အ​စစ်​ကို ကိုယ်​တိုင် ဝင်​ကြည့်​ပြီး ချက်​ချင်း ပြောင်း​နေ​လို့ ရ​ပါ​ပြီ
  • ဘုံ​ထိန်း​သိမ်း​ခ (Common Fee) — ၁ sqm ကို တစ်​လ ၃၉ ဘတ် နှုန်း​ပါ

အ​ထပ်​မြင့် High-rise ဖြစ်​ပေ​မဲ့ Project တစ်​ခု​လုံး​ကို ပန်း​ခြံ (Parc) ပုံ​စံ စိမ်း​စိမ်း​စို​စို​လေး ဖန်​တီး​ပေး​ထား​တာ​က ဒီ Project ရဲ့ ဆွဲ​ဆောင်​မှု တစ်​ခု​ပါ​ခင်​ဗျာ။

မေး​ခွန်း ၂အ​ခန်း​အ​မျိုး​အ​စား​နဲ့ အ​ကျယ်​အ​ဝန်း​က ဘယ်​လို​ရှိ​ပါ​သ​လဲ?

တစ်​ယောက်​တည်း နေ​ထိုင်​သူ​က​နေ မိ​သား​စု​ကြီး​တွေ​အ​ထိ ရွေး​ချယ်​လို့​ရ​အောင် အ​ခန်း​အ​မျိုး​အ​စား ၅ မျိုး ရှိ​ပါ​တယ်​ခင်​ဗျာ (မြန်​မာ​ဝယ်​သူ​တွေ မျက်​စိ​ထဲ မြင်​လွယ်​အောင် sqft နဲ့​ပါ တွဲ​ပြ​ထား​ပါ​တယ် — 1 sqm ≈ 10.764 sqft) —

  • Studio၃၀ sqm≈ ၃၂၃ sqft
  • 1 Bedroom၃၄ – ၃၅.၅ sqm≈ ၃၆၆ – ၃၈၂ sqft
  • 1 Bedroom Plus၄၁ – ၄၅.၅ sqm≈ ၄၄၁ – ၄၉၀ sqft
  • 2 Bedroom၄၆ – ၆၄ sqm≈ ၄၉၅ – ၆၈၉ sqft
  • 3 Bedroom၁၀၀ sqm≈ ၁,၀၇၆ sqft

မျက်​နှာ​ကြက် အ​မြင့်​က ၂.၇ မီ​တာ ရှိ​တာ​မို့ အ​ခန်း​ထဲ​ဝင်​လိုက်​တာ​နဲ့ လေ​ဝင်​လေ​ထွက်​ကောင်း​ပြီး ကျယ်​ကျယ်​ပြန့်​ပြန့် ခံ​စား​ရ​ပါ​တယ်။ အ​ခန်း​တိုင်း​မှာ Fully Fitted အ​နေ​နဲ့ မီး​ဖို​ချောင် Set၊ ရေ​ချိုး​ခန်း Set၊ Wallpaper နဲ့ Air-con တွေ တပ်​ဆင်​ပေး​ထား​ပြီး​သား​ပါ။ တ​ချို့​အ​ခန်း​တွေ​မှာ​တော့ ပ​ရိ​ဘော​ဂ (Furniture) အ​စုံ​ပါ ပါ​ဝင်​တာ​မျိုး ရှိ​တာ​မို့ လူ​ကြီး​မင်း စိတ်​ဝင်​စား​တဲ့ အ​ခန်း​အ​လိုက် Chat Box မှာ အ​တိ​အ​ကျ စစ်​ဆေး​ပေး​ပါ​မယ်​ခင်​ဗျာ။

ဈေး​နှုန်း နှင့် ငွေ​ပေး​ချေ​မှု

မေး​ခွန်း ၃ဈေး​နှုန်း​တွေ​က ဘယ်​လောက်​လဲ?

လက်​ရှိ ဈေး​စာ​ရင်း (Pricelist) အ​ရ အ​ခန်း​အ​မျိုး​အ​စား​အ​လိုက် အ​သက်​သာ​ဆုံး ရ​နိုင်​မယ့် အ​ခန်း​ဈေး​လေး​တွေကို ဖော်​ပြ​ပေး​ထား​ပါ​တယ်​ခင်​ဗျာ။ မြန်​မာ​ကျပ်​ငွေ​ကို​တော့ လက်​ရှိ​ပေါက်​ဈေး ~၁၄၀ MMK/THB နဲ့ ခန့်​မှန်း​တွက်​ချက်​ပေး​ထား​တာ​မို့ ငွေ​လဲ​နှုန်း​အ​ပေါ် မူ​တည်​ပြီး အ​နည်း​ငယ် အ​ပြောင်း​အ​လဲ ရှိ​နိုင်​ပါ​တယ် —

  • Studioအ​ခန်း B01429 · ၂၉.၆၉ sqm · Building B · ၁၄ လွှာ၂,၅၈၂,၀၀၀ ဘတ်≈ ကျပ်​သိန်း ၃,၆၁၅ ဝန်း​ကျင်
  • 1 Bedroomအ​ခန်း B02110 · ၃၃.၉၁ sqm · Building B · ၂၁ လွှာ၂,၈၆၉,၀၀၀ ဘတ်≈ ကျပ်​သိန်း ၄,၀၁၇ ဝန်း​ကျင်
  • 1 Bedroom Plusအ​ခန်း B00602 · ၄၁.၉၅ sqm · Building B · ၆ လွှာ၃,၄၈၅,၀၀၀ ဘတ်≈ ကျပ်​သိန်း ၄,၈၇၉ ဝန်း​ကျင်
  • 2 Bedroomအ​ခန်း B12A14 · ၅၀.၅၄ sqm · Building B · 12A လွှာ၄,၂၃၃,၀၀၀ ဘတ်≈ ကျပ်​သိန်း ၅,၉၂၆ ဝန်း​ကျင်
  • 3 Bedroom၁၀၀ sqm၁၂,၀၀၀,၀၀၀ ဘတ်≈ ကျပ်​သိန်း ၁၆,၈၀၀ ဝန်း​ကျင်

အ​ခန်း​ကို ထိန်း​ထား​ဖို့ စ​သွင်း​ရ​မယ့် Booking Fee (စ​ရန်​ငွေ) က​တော့ ပုံ​မှန်​အ​ခန်း​တွေ​အ​တွက် ၁၀၀,၀၀၀ ဘတ် (≈ ကျပ်​သိန်း ၁၄၀ ဝန်း​ကျင်) ဖြစ်​ပြီး၊ အ​ခန်း​ကျယ် 3 Bedroom အ​တွက်​ဆို​ရင် ၂၀၀,၀၀၀ ဘတ် (≈ ကျပ်​သိန်း ၂၈၀ ဝန်း​ကျင်) ဖြစ်​ပါ​တယ်။

ဒီ​ဈေး​စာ​ရင်း​ထဲ​က အ​ခန်း​တွေ​က ဝယ်​သူ​များ​ရင် ရောင်း​ထွက်​သွား​နိုင်​တာ​မို့ စ​ရန်​မ​သွင်း​ခင် လူ​ကြီး​မင်း စိတ်​ဝင်​စား​တဲ့ အ​ခန်း​နံ​ပါတ်​လေး ရ​နိုင်​သေး​ရဲ့​လား​ဆို​တာ Chat Box မှာ အ​ရင်​ဆုံး စစ်​ဆေး​အ​တည်​ပြု​ပေး​ပါ​နော်။

မေး​ခွန်း ၄ငွေ​ပေး​ချေ​မှု အ​စီ​အ​စဉ်​က ဘယ်​လို​ရှိ​ပါ​သ​လဲ?

ဒီ Project မှာ ကိုယ်​ကြိုက်​တဲ့ အ​ခန်း​လေး​ကို သူ​များ ဦး​မ​သွား​ခင် ထိန်း​ထား​ဖို့ ပ​ထ​မ​ဆုံး သွင်း​ရ​မယ့် Booking Fee က ပုံ​မှန်​အ​ခန်း​တွေ​ဆို​ရင် ၁၀၀,၀၀၀ ဘတ် ဖြစ်​ပြီး၊ 3 Bedroom ဆို​ရင်​တော့ ၂၀၀,၀၀၀ ဘတ် ဖြစ်​ပါ​တယ်​ခင်​ဗျာ။

ကျန်​တဲ့ အ​ရစ်​ကျ ပေး​ချေ​မှု အ​ဆင့်​ဆင့်​နဲ့ Discount နှုတ်​ပြီး​သား နောက်​ဆုံး​ဈေး​နှုန်း အ​တိ​အ​ကျ​က ကိုယ်​ရွေး​လိုက်​တဲ့ အ​ခန်း​နဲ့ အ​ထပ်​ပေါ် မူ​တည်​ပြီး ကွာ​ခြား​နိုင်​တာ​မို့ Chat Box မှာ တစ်​ချက် လာ​မေး​ပေး​ပါ​နော်။ လူ​ကြီး​မင်း စိတ်​ဝင်​စား​တဲ့ အ​ခန်း​နံ​ပါတ်​လေး​ကို ပြော​ပြ​ပေး​တာ​နဲ့ Booking စ​သွင်း​ချိန်​က​နေ အ​မည်​ပြောင်း​တဲ့ အ​ဆင့်​အ​ထိ ကုန်​ကျ​စ​ရိတ် အ​ဆင့်​ဆင့်​ကို မှား​ယွင်း​မှု လုံး​ဝ မ​ရှိ​အောင် အ​တိ​အ​ကျ တွက်​ချက်​ရှင်း​ပြ​ပေး​ပါ့​မယ်​ခင်​ဗျာ။

Facilities

မေး​ခွန်း ၅Facilities တွေ ဘာ​တွေ ပါ​ဝင်​ပါ​သ​လဲ?

နေ​ထိုင်​သူ​တွေ စိတ်​အ​ပန်း​ပြေ​ပြီး ကျန်း​မာ​ပျော်​ရွှင်​စွာ နေ​နိုင်​အောင် Facility တွေ​ကို အ​ပြည့်​အ​စုံ ထည့်​သွင်း​ပေး​ထား​ပါ​တယ်​ခင်​ဗျာ —

အ​ပန်း​ဖြေ​နဲ့ ကျန်း​မာ​ရေး​အ​တွက်:

  • ရေ​ကူး​ကန်​ကြီး (Olympic Pool)၊ က​လေး​ရေ​ကူး​ကန် (Kids Pool) နဲ့ Fun & Adventure Pool
  • Fitness၊ Aerobic & Yoga ခန်း​မ၊ ပြေး​လမ်း (Jogging Trail)
  • အ​ပေါ်​ဆုံး​ထပ်​က Sky Lounge နဲ့ Sky Garden
  • ပန်း​ခြံ ၃ မျိုး (French Parc / Forest Parc / Lake Parc)
  • Street Basketball ကွင်း​တို့ ပါ​ဝင်​ပါ​တယ်

အ​လုပ်​နဲ့ နေ့​စဉ်​အ​သုံး​အ​တွက်:

  • Co-living Space၊ Workshop Studio
  • သီး​သန့် အ​စည်း​အ​ဝေး​ခန်း (Private Meeting Room)
  • ဘက်​စုံ​သုံး Me Corner
  • ကိုယ်​ပိုင်​ပစ္စည်း သို​လှောင်​ခန်း (Personal Storage Room)
  • လျှပ်​စစ်​ကား​အား​သွင်း​ရန် EV Charging တို့ ရှိ​ပါ​တယ်

လုံ​ခြုံ​ရေး​အ​တွက်: ၂၄ နာ​ရီ လုံ​ခြုံ​ရေး​ဝန်​ထမ်း၊ CCTV နဲ့ အ​ခန်း​တံ​ခါး​တိုင်း​မှာ Digital Door Lock တွေ တပ်​ဆင်​ပေး​ထား​ပါ​တယ်။

တည်​နေ​ရာ​နှင့် အ​နီး​အ​နား

မေး​ခွန်း ၆တည်​နေ​ရာ​နဲ့ သွား​လာ​ရေး​က ဘယ်​လို​ရှိ​ပါ​သ​လဲ?

Project က Pattanakarn လမ်း​မ​ကြီး​ပေါ် မှာ တည်​ရှိ​ပြီး သွား​လာ​ရေး အ​ချက်​အ​ချာ ၂ ခု​နဲ့ အ​ရမ်း​နီး​ပါ​တယ်​ခင်​ဗျာ —

  • Airport Rail Link — Ramkhamhaeng ဘူ​တာ: ၈၀၀ မီ​တာ ပဲ ဝေး​တာ​မို့ သု​ဝဏ္ဏ​ဘူ​မိ​လေ​ဆိပ်​ကို​ရော၊ မြို့​လယ်​ခေါင် Phaya Thai ဘက်​ကို​ပါ ရ​ထား​နဲ့ အ​လွယ်​တ​ကူ သွား​လာ​နိုင်​ပါ​တယ်။
  • Chalong Rat Expressway (အ​မြန်​လမ်း​မ): ၂၂၀ မီ​တာ အ​ကွာ​မှာ​ပဲ ရှိ​လို့ ကိုယ်​ပိုင်​ကား​နဲ့ သွား​မယ်​ဆို​ရင်​လည်း အ​ရမ်း အ​ဆင်​ပြေ​ပါ​တယ်။

ဒါ့​အ​ပြင် Project က​နေ ARL Ramkhamhaeng ဘူ​တာ​ဆီ​ကို အ​ကြို​အ​ပို့ လုပ်​ပေး​တဲ့ Free Shuttle Bus စီ​စဉ်​ပေး​ထား​တာ​မို့ နေ​ပူ​ထဲ လမ်း​လျှောက်​စ​ရာ မ​လို​ဘဲ သက်​သောင့်​သက်​သာ သွား​နိုင်​ပါ​တယ်​ခင်​ဗျာ။

Google Maps မှာ ကြည့်​ပါ

မေး​ခွန်း ၇အ​နီး​အ​နား​မှာ ဘယ်​ကျောင်း​တွေ ရှိ​ပါ​သ​လဲ?

နိုင်​ငံ​တ​ကာ​ကျောင်း​က​နေ တက္က​သိုလ်​အ​ထိ ရွေး​ချယ်​စ​ရာ​တွေ အ​နီး​အ​နား​မှာ အ​များ​ကြီး ရှိ​ပါ​တယ်​ခင်​ဗျာ —

  • Ekkamai International School၂.၃ km
  • St. Andrews International School၂.၉ km
  • Kasem Bundit University၃.၄ km
  • Ramkhamhaeng University၄ km
  • ABAC University၄ km
  • Triam Udom Suksa Pattanakarn၄.၉ km

သား​သ​မီး​တွေ​ရဲ့ ပ​ညာ​ရေး​အ​တွက် စဉ်း​စား​နေ​တဲ့ မိ​သား​စု​တွေ​အ​တွက် နာ​မည်​ကြီး International School ၂ ကျောင်း အ​နီး​မှာ ရှိ​နေ​တာ​က အ​ရမ်း​အ​ဆင်​ပြေ​တဲ့ အ​ချက်​ပါ​ခင်​ဗျာ။

မေး​ခွန်း ၈အ​နီး​အ​နား​မှာ ဘယ်​ဆေး​ရုံ​တွေ ရှိ​ပါ​သ​လဲ?

ကျန်း​မာ​ရေး ကိစ္စ​တွေ​အ​တွက်​လည်း စိတ်​အေး​ရ​အောင် နာ​မည်​ကြီး ဆေး​ရုံ​ကြီး​တွေ အ​နီး​အ​နား​မှာ ရှိ​ပါ​တယ်​ခင်​ဗျာ —

  • Petcharavej Hospital၁.၄ km
  • Bangkok Hospital၃.၁ km
  • Camillian Hospital၃.၁ km
  • Sukhumvit Hospital၅.၇ km
  • Piyavate Hospital၆.၆ km
မေး​ခွန်း ၉အ​နီး​အ​နား​မှာ ဘယ်​ဈေး​ဝယ်​စင်​တာ​တွေ ရှိ​ပါ​သ​လဲ?

နေ့​စဉ် ဈေး​ဝယ်​ဖို့​က​နေ အ​ပန်း​ဖြေ စား​သောက်​ဖို့​အ​ထိ Shopping Mall တွေ အ​စုံ​ရှိ​ပါ​တယ်​ခင်​ဗျာ —

  • Landon Street၃.၁ km
  • Donki Mall Thonglor၃.၂ km
  • J Avenue၃.၅ km
  • The Mall Ramkhamhaeng၄.၅ km
  • The Nine Center၄.၇ km
  • Central Rama 9၆.၈ km

အာ​မ​ခံ၊ ဝယ်​ယူ​ခွင့် နှင့် အ​ခန်း​ကြည့်​ရှု​ခြင်း

မေး​ခွန်း ၁၀အာ​မ​ခံ (Warranty) က ဘယ်​လို ပေး​ထား​ပါ​သ​လဲ?

ဝယ်​ယူ​သူ​တွေ စိတ်​ချ​လက်​ချ နေ​ထိုင်​နိုင်​ဖို့ Developer ဘက်​က အာ​မ​ခံ ၂ မျိုး ပေး​ထား​ပါ​တယ်​ခင်​ဗျာ —

  • အ​ဆောက်​အ​အုံ ဖွဲ့​စည်း​ပုံ (Structure) — ၁၀ နှစ် အာ​မ​ခံ
  • အ​ခန်း​တွင်း အ​သုံး​အ​ဆောင်​များ (Fittings) — ၃ နှစ် အာ​မ​ခံ

ဒါ့​အ​ပြင် အ​ခန်း​မ​အပ်​ခင် ကျွန်​တော်​တို့​ဘက်​က Room Inspection သေ​ချာ စစ်​ဆေး​ပေး​တဲ့ အ​ဆင့်​လည်း ပါ​ရှိ​ပါ​သေး​တယ် (မေး​ခွန်း ၁၂ မှာ ဆက်​ဖတ်​နိုင်​ပါ​တယ်)။

မေး​ခွန်း ၁၁နိုင်​ငံ​ခြား​သား​အ​နေ​နဲ့ ဝယ်​ယူ​လို့​ရ​ပါ​သ​လား? (Foreign Quota / FET)

ဟုတ်​ကဲ့၊ စိတ်​ချ​လက်​ချ ဝယ်​ယူ​လို့ ရ​ပါ​တယ်​ခင်​ဗျာ။ ဒီ Project က Freehold Project ဖြစ်​တာ​မို့ မြန်​မာ​နိုင်​ငံ​သား​တွေ​အ​နေ​နဲ့ Foreign Quota အ​တွင်း​က​နေ ကိုယ့်​အ​မည်​ပေါက် နဲ့ တ​ရား​ဝင် ဝယ်​ယူ​ပိုင်​ဆိုင်​နိုင်​ပါ​တယ်။

အ​မည်​ပြောင်း​ချိန်​မှာ ဝယ်​ယူ​ငွေ​ကို နိုင်​ငံ​ခြား​က​နေ တ​ရား​ဝင် လွှဲ​ဝင်​လာ​ကြောင်း သက်​သေ​ပြ​တဲ့ FET အ​ထောက်​အ​ထား တော့ လို​အပ်​ပါ​တယ်။ FET ငွေ​လွှဲ​နည်း အ​သေး​စိတ်​ကို အ​ထွေ​ထွေ Q&A စာ​မျက်​နှာမှာ ဖတ်​ကြည့်​နိုင်​သ​လို၊ လူ​ကြီး​မင်း စိတ်​ဝင်​စား​တဲ့ အ​ခန်း​မှာ Foreign Quota ကျန်​သေး​ရဲ့​လား​ဆို​တာ​ကို​လည်း Chat Box မှာ အ​ချိန်​မ​ရွေး မေး​မြန်း​အ​တည်​ပြု​နိုင်​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၁၂အ​ခန်း​ကို ဘယ်​လို လာ​ကြည့်​လို့​ရ​ပါ​သ​လဲ? Room Inspection ဘယ်​လို စစ်​ဆေး​ပေး​ပါ​သ​လဲ?

ဒီ Project က Ready to Move In ဖြစ်​လို့ န​မူ​နာ​အ​ခန်း (Showroom) ပဲ ကြည့်​ရ​တာ မ​ဟုတ်​ဘဲ တ​ကယ့် အ​ခန်း​အ​စစ်​ထဲ​ကို ကိုယ်​တိုင် ဝင်​ကြည့်​ပြီး စိတ်​ကြိုက် ရွေး​ချယ်​နိုင်​ပါ​တယ်​ခင်​ဗျာ။ လာ​ကြည့်​ချင်​တဲ့ အ​ခန်း​အ​မျိုး​အ​စား​နဲ့ အ​ဆင်​ပြေ​မယ့် ရက်/အ​ချိန်​လေး​ကို Chat Box က​နေ ကြို​တင် အ​ကြောင်း​ကြား​ပေး​ရင် ကျွန်​တော်​တို့​အ​ဖွဲ့​က အ​ဆင်​ပြေ​ဆုံး​ဖြစ်​အောင် စီ​စဉ်​ပေး​ပါ​မယ်။

Room Inspection ဆို​တာ ကွန်​ဒို​အ​သစ်​တစ်​ခန်း​ကို အ​ခန်း​ပိုင်​ရှင်​ဆီ အ​ပြီး​သတ် မ​လွှဲ​အပ်​ခင်​မှာ အ​ခန်း​ထဲ​မှာ ချို့​ယွင်း​ချက်​တွေ ရှိ​မ​ရှိ ကြို​တင်​စစ်​ဆေး​ပြီး ပြန်​ပြင်​ခိုင်း​ရ​တဲ့ အ​ခန်း​စစ်​ဆေး​ခြင်း အ​ဆင့် ကို ပြော​တာ​ပါ​ခင်​ဗျာ။ အ​ခန်း​ကို စ​ကြည့်​ခဲ့​တုန်း​က အ​တိုင်း တန်း​ပြီး လက်​ခံ​ယူ​ရ​တာ မ​ဟုတ်​ပါ​ဘူး။ စစ်​ဆေး​ရေး​အ​ဖွဲ့ ရွေး​ချယ်​တဲ့​အ​ခါ​မှာ နည်း​လမ်း ၂ မျိုး ရှိ​ပါ​တယ် —

  • Developer အ​ဖွဲ့​နဲ့ စစ်​ဆေး​ခြင်း — Developer ဘက်​က အ​ဖွဲ့​နဲ့ စစ်​မယ်​ဆို​ရင် အ​ဓိ​က စစ်​ဆေး​ပေး​မှာ​က ရေ​ပိုက်​လိုင်း​နဲ့ လျှပ်​စစ်​မီး​လိုင်း အ​လုပ်​လုပ်​ပုံ​တွေ​ပါ​ပဲ။ ကျန်​တဲ့ နံ​ရံ၊ ကြမ်း​ခင်း စ​တာ​တွေ​ကို​တော့ အ​သေး​စိတ် မ​စစ်​ပေး​တတ်​ပါ​ဘူး။
  • 3rd Party Inspector (ပြင်​ပ ပ​ညာ​ရှင်​အ​ဖွဲ့) နဲ့ စစ်​ဆေး​ခြင်း (Realtor YAYA မှ အ​ထူး Recommend လုပ်​ပါ​တယ်) — Developer နဲ့ သီး​ခြား​လွတ်​လပ်​တဲ့ ပြင်​ပ ပ​ညာ​ရှင်​အ​ဖွဲ့​ကို ခေါ်​စစ်​တာ​က​တော့ အ​ခန်း​ရဲ့ စ​တု​ရန်း​မီ​တာ (sqm) တစ်​ခု​ချင်း​စီ​က​စ​ပြီး နံ​ရံ၊ ကြမ်း​ခင်း၊ တံ​ခါး၊ ပြ​တင်း​ပေါက်၊ ရေ​ပိုက်​လိုင်း​နဲ့ လျှပ်​စစ်​မီး​လိုင်း အ​သေး​စိတ် အ​ကုန်​လုံး​ကို အ​ထူး​ကိ​ရိ​ယာ​တွေ​နဲ့ စစ်​ဆေး​ပေး​ပါ​တယ်။ တွေ့​ရှိ​တဲ့ ချို့​ယွင်း​ချက် မှတ်​တမ်း (Defect Report) ကို အ​ခန်း​ပိုင်​ရှင်​ဆီ Email နဲ့ ပို့​ပေး​သ​လို၊ ပြန်​လည်​ပြင်​ဆင်​ပေး​ဖို့ ကွန်​ဒို (Developer) ဘက်​ကို​လည်း စာ​အုပ်​နဲ့ တ​ရား​ဝင် ပေး​ပို့​ပါ​တယ်။

3rd Party နဲ့ စစ်​ဆေး​ဖို့ ဘာ​ကြောင့် အ​ကြံ​ပြု​ရ​သ​လဲ​ဆို​ရင် —

  1. ၂ ကြိမ် အ​ပြီး​အ​စီး စစ်​ဆေး​ပေး​ခြင်း: ပ​ထ​မ​အ​ကြိမ် စစ်​ဆေး​တွေ့​ရှိ​တဲ့ ချို့​ယွင်း​ချက်​တွေ​ကို Developer ဘက်​က ပြင်​ဆင်​ပြီး​တဲ့​အ​ခါ သေ​ချာ ကောင်း​မွန်​သွား​ပြီ​လား​ဆို​တာ နောက်​တစ်​ကြိမ် ထပ်​စစ်​ပေး​တာ​မို့ စု​စု​ပေါင်း ၂ ကြိမ် စစ်​ဆေး​ပေး​ပါ​တယ်။ ဝန်​ဆောင်​ခ​က​တော့ အ​ခန်း​အ​ကျယ် (sqm) အ​လိုက် တွက်​ယူ​တာ​ဖြစ်​ပြီး ၂ ကြိမ်​စာ အ​ပြီး​အ​စီး​ကို အ​နည်း​ဆုံး ၂,၈၀၀ ဘတ် လောက်​က​နေ စ​ပါ​တယ်​ခင်​ဗျာ။
  2. ဝင်​နေ​ပြီး​မှ ပြ​ဿ​နာ မ​တက်​စေ​ရန်: Room Inspection သေ​ချာ မ​စစ်​ထား​ဘဲ အ​လျင်​စ​လို လက်​ခံ​ပြီး အိမ်​ခန်း​ထဲ ဝင်​ရောက်​နေ​ထိုင်​ပြီး​မှ Error တွေ ပေါ်​လာ​ခဲ့​ရင် တ​ချို့​ကွန်​ဒို​တွေ​က အ​ခ​မဲ့ ပြန်​ပြင်​ပေး​တာ ရှိ​ပေ​မဲ့၊ တ​ချို့​ကွန်​ဒို​တွေ​ကျ​တော့ ပြင်​ဆင်​ခ ကုန်​ကျ​စ​ရိတ် ပြန်​ကောက်​ခံ​တာ​မျိုး ဒါ​မှ​မ​ဟုတ် ပြင်​ပ​က ပြင်​တဲ့​အ​ဖွဲ့​ကို ကိုယ့်​ဘာ​သာ ခေါ်​ပါ​လို့ ပြော​တတ်​တာ​မျိုး​တွေ ရှိ​ပါ​တယ်။ ဒါ​ကြောင့် လူ​ကြီး​မင်း လက်​ခံ​ရ​ရှိ​မယ့် အ​ခန်း​ဟာ မူ​လ ကြည့်​ခဲ့​တုန်း​က​ထက်​တောင် ပို​သပ်​ရပ်​ပြီး အ​ပြစ်​အ​နာ​အ​ဆာ ကင်း​စင်​တဲ့ အ​ခန်း ဖြစ်​နေ​စေ​ဖို့ ကျွန်​တော်​တို့​အ​ဖွဲ့ Realtor YAYA အ​နေ​နဲ့ 3rd Party Inspector ခေါ်​ပြီး စစ်​ဆေး​ဖို့ အ​ထူး Recommend လုပ်​ပေး​ပါ​တယ်​ခင်​ဗျာ။

“တိုင်​ပင်​ပြီး​မှ၊ သင့်​တော်​တဲ့ အ​ခန်း​ပဲ ရောင်း​မယ်” — Supalai Parc Ekkamai-Pattanakarn အ​ကြောင်း ဒီ​စာ​မျက်​နှာ​မှာ မ​ပါ​သေး​တဲ့ သိ​လို​ရာ​တွေ ရှိ​ရင်​ပဲ​ဖြစ်​ဖြစ်၊ လူ​ကြီး​မင်း​ရဲ့ Budget နဲ့ အ​ကိုက်​ညီ​ဆုံး အ​ခန်း​ကို ရွေး​ချယ်​ဖို့ အ​ကူ​အ​ညီ လို​ရင်​ပဲ​ဖြစ်​ဖြစ် Realtor YAYA Page Chat Box မှာ အ​ချိန်​မ​ရွေး လာ​ရောက် တိုင်​ပင်​ဆွေး​နွေး​နိုင်​ပါ​တယ်​ခင်​ဗျာ။ အ​ခန်း​ရွေး​ချယ်​တဲ့ အ​ဆင့်​က​နေ စာ​ရွက်​စာ​တမ်း ကိစ္စ​ရပ်​တွေ ပြီး​စီး​တဲ့​အ​ထိ ဘေး​က​နေ အ​စ​အ​ဆုံး လိုက်​ပါ ဆောင်​ရွက်​ပေး​နေ​ပါ​တယ်။ အ​ခန်း​ကို ကိုယ်​တိုင် လာ​ရောက်​ကြည့်​ရှု​လို​ပါ​က​လည်း Chat Box က​နေ​တစ်​ဆင့် ကြို​တင် အ​ကြောင်း​ကြား​ပေး​နိုင်​ပြီး အ​ဆင်​ပြေ​ဆုံး ဖြစ်​အောင် စီ​စဉ်​ပေး​ပါ​မယ်​ခင်​ဗျာ။

Chat Box တွင် ဆွေး​နွေး​ရန်
Chat Box တွင် မေး​ရန်