Realtor YAYA
Future Move Properties

ဘန်​ကောက်​ကွန်​ဒို
ဝယ်​ယူ​သူ​တိုင်း​သိ​ထား​သင့်​သည့်
အ​မေး​အ​များ​ဆုံး​မေး​ခွန်း​များ

ဘန်​ကောက်​မှာ ကိုယ်​ပိုင် ကွန်​ဒို​တစ်​ခန်း​လောက် ဝယ်​ယူ​ဖို့ စဉ်း​စား​နေ​ပြီ​လား​ခင်​ဗျာ။ Project တစ်​ခု​ချင်း​စီ​ရဲ့ ဈေး​နှုန်း​တွေ မ​ကြည့်​ခင် မြန်​မာ​ဝယ်​သူ​တိုင်း အ​ရင်​ဆုံး သိ​ထား​သင့်​တဲ့ အ​ခြေ​ခံ​အ​ချက်​လေး​တွေ​ကို စု​စည်း​ပေး​ထား​ပါ​တယ်။ ကိုယ့်​အ​မည်​ပေါက် တစ်​သက်​တာ ပိုင်​ဆိုင်​ခွင့် (Freehold)၊ FET ငွေ​လွှဲ​နည်း၊ အ​ပို​ကုန်​ကျ​စ​ရိတ်၊ အ​ငှား​ဝန်​ဆောင်​မှု​နဲ့ ကိုယ်​နဲ့​အ​ကိုက်​ညီ​ဆုံး အ​ခန်း​ရွေး​ချယ်​ပုံ အ​ဆင့်​ဆင့်​ကို ဒီ​တစ်​နေ​ရာ​တည်း​မှာ အေး​အေး​ဆေး​ဆေး လေ့​လာ​ဖတ်​ရှု​နိုင်​ပါ​ပြီ​ခင်​ဗျာ။

တိုင်​ပင်​ပြီး​မှ သင့်​တော်​တဲ့
အ​ခန်း​ကို​ဘဲ ရောင်း​ပါ​တယ်

Freehold vs Leaseholdတစ်​သက်​တာ​ပိုင်​ဆိုင်​ခွင့် နဲ့ နှစ်​ရှည်​ငှား​ရမ်း — ဘာ​ကွာ​လဲ သိ​ထား​ပါ
မေး​ခွန်း ၁၈ ခု
မေး​ခွန်း ၁ဗီ​ဇာ​အ​မျိုး​အ​စား​ပေါ် မူ​တည်​ပြီး ကွန်​ဒို​ဝယ်​ယူ​ခွင့် ကန့်​သတ်​ချက် ရှိ​ပါ​သ​လား?

ထိုင်း​မှာ ကွန်​ဒို​ဝယ်​မယ်​ဆို​ရင် ၁၄ ရက် ဗီ​ဇာ​နဲ့​ပဲ​လာ​လာ၊ ၂ လ ဗီ​ဇာ​နဲ့​ပဲ​လာ​လာ စိတ်​အေး​အေး​နဲ့ ဝယ်​လို့​ရ​ပါ​တယ်​ခင်​ဗျာ။

ထိုင်း​ဥ​ပ​ဒေ​အ​ရ နိုင်​ငံ​ခြား​သား​တွေ​အ​နေ​နဲ့ မြေ​ကွက်​ကို ကိုယ့်​အ​မည်​ပေါက်​နဲ့ တိုက်​ရိုက် ဝယ်​ခွင့်​မ​ရှိ​ပေ​မဲ့၊ ကွန်​ဒို​အ​ခန်း​ကို​တော့ နိုင်​ငံ​ခြား​သား ဝယ်​ယူ​ခွင့် အ​ချိုး​အ​စား (Foreign Quota — မေး​ခွန်း ၂ တွင် ကြည့်​ပါ) အ​တွင်း​မှာ ကိုယ့်​အ​မည်​ပေါက်​နဲ့ တ​ရား​ဝင် ဝယ်​ယူ​ပိုင်​ဆိုင်​ခွင့် ပေး​ထား​ပါ​တယ်။ လို​အပ်​တာ​က​လည်း သက်​တမ်း​ရှိ Passport၊ ဝယ်​မယ့်​အ​ခန်း​မှာ Foreign Quota ကျန်​သေး​တာ​နဲ့ အ​မည်​ပြောင်း​ချိန်​မှာ တင်​ပြ​ရ​မယ့် ပြည်​ပ​မှ ငွေ​လွှဲ​ဝင်​ကြောင်း အ​ထောက်​အ​ထား (FET — မေး​ခွန်း ၄ တွင် ကြည့်​ပါ) ဒီ​အ​ချက်​လေး​တွေ​ပါ​ပဲ။ နေ​ထိုင်​ခွင့် ဗီ​ဇာ​နဲ့ ပိုင်​ဆိုင်​ခွင့်​က သီး​ခြား​စီ​မို့ ဗီ​ဇာ​အ​မျိုး​အ​စား​ကြောင့် ဝယ်​ခွင့် ကန့်​သတ်​တာ​မျိုး လုံး​ဝ မ​ရှိ​ပါ​ဘူး​ခင်​ဗျာ။

သ​တိ​ပြု​စ​ရာ​လေး​တစ်​ခု​က​တော့ အ​ခန်း​တိုင်း​ကို Foreign Quota နဲ့ ဝယ်​လို့​ရ​တာ မ​ဟုတ်​ပါ​ဘူး။ Project တစ်​ခု​မှာ နိုင်​ငံ​ခြား​သား​ကို ရောင်း​ပေး​နိုင်​တဲ့ အ​ချိုး​အ​စား ကန့်​သတ်​ထား​တာ​မို့ ကိုယ့်​စိတ်​ဝင်​စား​တဲ့ အ​ခန်း​မှာ Quota ကျန်​သေး​ရဲ့​လား​ဆို​တာ အ​ရင်​ဆုံး စစ်​ဆေး​အ​တည်​ပြု​ဖို့ လို​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၂Foreign Quota Freehold ဆို​တာ ဘာ​လဲ? ကိုယ့်​အ​မည်​ပေါက် ပိုင်​ဆိုင်​နိုင်​ပါ​သ​လား?

Freehold ဆို​တာ သက်​တမ်း​ကန့်​သတ်​ချက် မ​ရှိ​ဘဲ တစ်​သက်​တာ အ​ပြည့်​အ​ဝ ပိုင်​ဆိုင်​ခွင့် ကို ပြော​တာ​ပါ​ခင်​ဗျာ။ Foreign Quota ဆို​တာ​က​တော့ Project တစ်​ခု​လုံး​ရဲ့ ရောင်း​ချ​ခွင့်​ရှိ​တဲ့ ဧ​ရိ​ယာ​ထဲ​က နိုင်​ငံ​ခြား​သား​တွေ​ကို ရောင်း​ခွင့်​ပြု​ထား​တဲ့ အ​ချိုး​အ​စား ဖြစ်​ပါ​တယ်။

Foreign Quota Freehold နဲ့ ဝယ်​ယူ​လိုက်​ပြီ​ဆို​ရင် အ​ခန်း​ကို လူ​ကြီး​မင်း​ရဲ့ အ​မည်​ပေါက် နဲ့ Land Office မှာ တ​ရား​ဝင် မှတ်​ပုံ​တင်​ပြီး ဂ​ရန်​စာ​အုပ် Title Deed (Chanote) ကို ပ​ထ​မ​ဆုံး​ပိုင်​ရှင် (First Owner) အ​နေ​နဲ့ လက်​ဝယ် ရ​ရှိ​မှာ​ပါ။ ကွန်​ဒို​အ​သစ်​ဆို​ရင် ကိုယ်​က ပ​ထ​မ​ဆုံး အ​မည်​ပေါက် ပိုင်​ရှင် ဖြစ်​ပါ​တယ်။

  • တစ်​သက်​တာ ပိုင်​ဆိုင်​ခွင့် အ​ပြည့်​အ​ဝ ရ​ရှိ​ပါ​တယ်။
  • စိတ်​ကြိုက် ပြန်​ရောင်း​လို့ ရ​သ​လို၊ အ​ငှား​ချ​ထား​လို့​လည်း ရ​ပါ​တယ်။
  • ကိုယ့်​သား​သ​မီး မြေး​မြစ်​တွေ​ဆီ​ကို တ​ရား​ဝင် အ​မွေ​လွှဲ​ပြောင်း ပေး​လို့ ရ​ပါ​တယ်။

(မှတ်​ချက် - နှစ်​ရှည်​ငှား​ရမ်း ပိုင်​ဆိုင်​ရ​တဲ့ Leasehold ပုံ​စံ​နဲ့ မ​တူ​ပါ​ဘူး။ Leasehold က သက်​တမ်း​ကုန်​ရင် သက်​တမ်း​ပြန်​တိုး​ရ​တဲ့ ကိစ္စ​တွေ ရှိ​ပါ​တယ်။ ဒါ​ကြောင့် ဝယ်​ခါ​နီး​တိုင်း​မှာ ကိုယ့်​အ​ခန်း​က Freehold ဟုတ်​မ​ဟုတ်၊ Foreign Quota အ​တွင်း ပါ​မ​ပါ အ​မြဲ အ​တည်​ပြု​ပေး​ပါ​တယ်​ခင်​ဗျာ။)

လူ​ကြီး​မင်း တစ်​ယောက်​တည်း ကွန်​ဒို အ​ခန်း​များ​စွာ တစ်​ပြိုင်​တည်း ဝယ်​ယူ​လို့​လည်း ရ​ပါ​တယ် — အ​ခန်း​တိုင်း​ကို Foreign Quota Freehold အ​နေ​နဲ့ ကိုယ့်​အ​မည်​နဲ့ ပိုင်​ဆိုင်​နိုင်​ပြီး၊ အ​ဆောက်​အ​အုံ​ရဲ့ နိုင်​ငံ​ခြား​သား ပိုင်​ဆိုင်​ခွင့် ၄၉% ကန့်​သတ်​ချက်​အ​တွင်း ဖြစ်​ရ​ပါ​မယ်။ ဥ​ပ​မာ — ဝယ်​သူ​တစ်​ယောက် ကွန်​ဒို ၃ ခန်း တစ်​ပြိုင်​တည်း ဝယ်​ယူ​ခဲ့​ပါ​တယ်။

မေး​ခွန်း ၃ကွန်​ဒို ဝယ်​ယူ​မှု အ​ဆင့်​ဆင့်​က ဘယ်​လို​ရှိ​ပါ​သ​လဲ?

Project တစ်​ခု​နဲ့​တစ်​ခု အ​သေး​စိတ်​လေး​တွေ အ​နည်း​ငယ် ကွာ​နိုင်​ပေ​မဲ့ အ​ခြေ​ခံ ဝယ်​ယူ​မှု အ​ဆင့်​ဆင့်​က​တော့ ရိုး​ရှင်း​ပါ​တယ်​ခင်​ဗျာ။

  1. တိုင်​ပင်​ပြီး အ​ခန်း​ရွေး​ချယ်​ခြင်း — Budget၊ တည်​နေ​ရာ၊ အ​ခန်း​အ​ကျယ်​နဲ့ ကိုယ်​တိုင်​နေ​မ​လား အ​ငှား​ချ​မ​လား​ဆို​တဲ့ ရည်​ရွယ်​ချက်​ပေါ် မူ​တည်​ပြီး အ​ကိုက်​ညီ​ဆုံး အ​ခန်း​ကို အ​တူ​တူ ရွေး​ချယ်​ကြ​ပါ​တယ်။ အ​ခန်း​ကို ကိုယ်​တိုင် လာ​ကြည့်​လို့ ရ​သ​လို၊ အ​ဝေး​က​နေ ဗီ​ဒီ​ယို​နဲ့​လည်း သေ​ချာ ကြည့်​နိုင်​ပါ​တယ်။
  2. Booking (ကြို​တင်​မှာ​ယူ​ခြင်း) — ကိုယ်​ကြိုက်​တဲ့ အ​ခန်း​လေး​ကို သူ​များ ဦး​မ​သွား​ခင် ထိန်း​ထား​ဖို့ Booking Fee လေး သွင်း​ပြီး အ​ခန်း​ကို Lock လုပ်​ထား​ရ​ပါ​တယ်။
  3. စာ​ချုပ်​ချုပ်​ဆို​ခြင်း — ဝယ်​ယူ​မှု စာ​ချုပ် (Contract) ချုပ်​ဆို​ပြီး Down Payment အ​ဆင့်​ကို ဆက်​သွား​ပါ​တယ်။ စာ​ချုပ်​ထဲ​က ငွေ​ပေး​ချေ​မှု အ​စီ​အ​စဉ် (Payment Plan) နဲ့ အ​မည်​ပြောင်း​မယ့် ရက်​တွေ​ကို ဒီ​အ​ဆင့်​မှာ သေ​ချာ စစ်​ဆေး​အ​တည်​ပြု​ပါ​တယ်။
  4. ငွေ​ပေး​ချေ​မှု​နှင့် FET ပြင်​ဆင်​ခြင်း — စာ​ချုပ်​ပါ Payment Plan အ​တိုင်း အ​ဆင့်​ဆင့် ပေး​ချေ​ပြီး၊ အ​မည်​ပြောင်း​ဖို့ လို​အပ်​တဲ့ FET အ​ထောက်​အ​ထား ပြည့်​စုံ​အောင် စီ​စဉ်​ရ​ပါ​တယ်။ (မေး​ခွန်း ၄ မှာ အ​သေး​စိတ် ရှင်း​ပြ​ထား​ပါ​တယ်)
  5. Room Inspection (အ​ခန်း​စစ်​ဆေး​ခြင်း) — အ​ခန်း​မ​အပ်​ခင် အ​ခန်း​တွင်း ချို့​ယွင်း​ချက်​တွေ ရှိ​မ​ရှိ သေ​ချာ​စစ်​ဆေး​ပြီး Developer ဘက်​က အ​ကုန် ပြန်​ပြင်​ပေး​ဖို့ လုပ်​ဆောင်​ပါ​တယ်။ (မေး​ခွန်း ၁၀ မှာ ကြည့်​နိုင်​ပါ​တယ်)
  6. အ​မည်​ပြောင်း လွှဲ​ပြောင်း​ခြင်း (Transfer) — ကျန်​ငွေ အ​ကြေ​ပေး​ချေ​ပြီး Land Office မှာ ကိုယ့်​အ​မည်​ပေါက် Title Deed ကို လက်​ခံ​ရ​ယူ​ပါ​တယ်။ ဒီ​အ​ဆင့်​မှာ Transfer Fee စ​တဲ့ တစ်​ကြိမ်​တည်း ကုန်​ကျ​စ​ရိတ်​တွေ ပေး​ဆောင်​ရ​ပါ​တယ်။

ကျွန်​တော်​တို့ Realtor YAYA အ​ဖွဲ့​က အ​ခန်း​စ​ရွေး​တဲ့ အ​ဆင့်​က​နေ ကိုယ့်​အ​မည်​ပေါက် စာ​အုပ် လက်​ထဲ​ရောက်​တဲ့​အ​ထိ အ​ဆင့်​တိုင်း​မှာ ဘေး​က​နေ အ​စ​အ​ဆုံး လိုက်​ပါ​ဆောင်​ရွက်​ပေး​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၄FET ဆို​တာ ဘာ​လဲ? ဘယ်​လို ရ​ယူ​ရ​မ​လဲ?

FET (Foreign Exchange Transaction) ဆို​တာ ကွန်​ဒို​ဝယ်​ဖို့ ငွေ​တွေ​ကို နိုင်​ငံ​ခြား​က​နေ ထိုင်း​နိုင်​ငံ​ထဲ​ကို လွှဲ​ဝင်​လာ​ကြောင်း ပြ​ရ​တာ ပါ​ခင်​ဗျာ။ လူ​ကြီး​မင်း​ရဲ့ အ​ခြေ​အ​နေ​ပေါ် မူ​တည်​ပြီး ရွေး​ချယ်​စ​ရာ နည်း​လမ်း ၂ မျိုး ရှိ​ပါ​တယ်​ခင်​ဗျာ။

နည်း​လမ်း ၁ နိုင်​ငံ​ခြား​ဘဏ်​အ​ကောင့်​မှ တိုက်​ရိုက် လွှဲ​ခြင်း

လူ​ကြီး​မင်း ကိုယ်​တိုင်​မှာ​ဖြစ်​ဖြစ်၊ မိ​သား​စု​ဝင် ဒါ​မှ​မ​ဟုတ် ဆွေ​မျိုး​မိတ်​ဆွေ တစ်​ယောက်​ယောက်​မှာ​ဖြစ်​ဖြစ် နိုင်​ငံ​ခြား​ဘဏ်​အ​ကောင့် ရှိ​တယ်​ဆို​ရင် အဲ​ဒီ​အ​ကောင့်​က​နေ Developer ရဲ့ ထိုင်း​ဘဏ်​အ​ကောင့်​ဆီ တိုက်​ရိုက် လွှဲ​ပေး​လို့ ရ​ပါ​တယ်။ ဒီ​နည်း​လမ်း​က ဘဏ်​က​နေ FET ကို တန်း​ထုတ်​ပေး​တာ​မို့ အ​ပို ဝန်​ဆောင်​ခ လုံး​ဝ မ​ကုန်​ဘဲ ကွန်​ဒို​တန်​ဖိုး အ​တိ​အ​ကျ​ကို​ပဲ လွှဲ​ရ​မှာ​ပါ။ (ငွေ​လွှဲ​တဲ့​အ​ခါ ရည်​ရွယ်​ချက်​နေ​ရာ​မှာ ကွန်​ဒို​ဝယ်​ယူ​ရန် ဆို​တာ​ကို မှန်​မှန်​ကန်​ကန် ထည့်​ရေး​ဖို့​တော့ လို​ပါ​တယ်​ခင်​ဗျာ။)

နည်း​လမ်း ၂ Agent (သို့) ထိုင်း​ဘဏ်​အ​ကောင့်​မှ​တစ်​ဆင့် လွှဲ​ခြင်း

တ​ကယ်​လို့ နိုင်​ငံ​ခြား​ဘဏ်​အ​ကောင့် မ​ရှိ​ဘူး​ဆို​ရင်​လည်း စိတ်​မ​ပူ​ပါ​နဲ့။ ငွေ​လွှဲ Agent မှ​တစ်​ဆင့်​ဖြစ်​ဖြစ်၊ ကိုယ့်​ရဲ့ ထိုင်း​ဘဏ်​အ​ကောင့်​က​နေ ဘတ်​ငွေ​နဲ့​ဖြစ်​ဖြစ် တိုက်​ရိုက် ပေး​ချေ​လို့ ရ​ပါ​တယ်။ ဒါ​ပေ​မဲ့ ပြည်​တွင်း​က​နေ လွှဲ​တာ​ဖြစ်​လို့ FET အ​ထောက်​အ​ထား တန်း​မ​ပါ​တဲ့​အ​တွက် FET ရ​ရှိ​အောင် သီး​သန့် Service နဲ့ သီး​ခြား စီ​စဉ်​ဆောင်​ရွက်​ရ​ပါ​တယ်။

နည်း​လမ်း ၂ ရဲ့ ဝန်​ဆောင်​ခ အ​ကြောင်း — ဒီ​ဝန်​ဆောင်​ခ​က Project နဲ့ အ​ခန်း​တန်​ဖိုး​ပေါ် မူ​တည်​ပြီး ကွာ​ခြား​နိုင်​ပါ​တယ်။ ပုံ​မှန်​အား​ဖြင့် ဘတ် ၅၀,၀၀၀–၆၀,၀၀၀ က​နေ စ​တင် ကုန်​ကျ​နိုင်​ပြီး၊ ကြို​တင်​ပေး​စ​ရာ မ​လို​ပါ​ဘူး — အ​ရစ်​ကျ​နဲ့ ဝယ်​ရင် အ​ရစ်​ကျ​ကာ​လ​ပြီး​လို့ ငွေ​အ​ကြေ​ချေ​ပြီး​ချိန်၊ အ​မည်​ပြောင်း​တဲ့ အ​ဆင့်​ရောက်​မှ ပေး​ချေ​ရ​တာ​ဖြစ်​ပြီး၊ လက်​ငင်း​ဆို​ရင်​တော့ သတ်​မှတ် ကာ​လ ၂/၃/၄ လ အ​တွင်း ငွေ​အ​ပြည့်​ချေ​ရင်း​နဲ့ အ​တူ​တူ ပေး​ချေ​ရ​တာ ဖြစ်​ပါ​တယ်။ အ​တိ​အ​ကျ ကုန်​ကျ​စ​ရိတ်​ကို စာ​ချုပ်​မ​ချုပ်​ခင်​က​တည်း​က ကြို​တင် တွက်​ချက်​မေး​မြန်း​နိုင်​ပါ​တယ်​ခင်​ဗျာ။

ဒါ​ကြောင့် ငွေ​ကို ဘယ်​လမ်း​ကြောင်း​က​နေ လွှဲ​မ​လဲ​ဆို​တာ ဝယ်​ခါ​နီး​မှ ကပ်​စဉ်း​စား​တာ​မျိုး မ​ဟုတ်​ဘဲ အ​စ​က​တည်း​က ကြို​တင်​စီ​စဉ်​ထား​ဖို့ အ​ရမ်း​အ​ရေး​ကြီး​ပါ​တယ်။

မေး​ခွန်း ၅အ​ခန်း​တန်​ဖိုး​အ​ပြင် အ​ခြား မည်​သည့်​ကုန်​ကျ​စ​ရိတ်​များ ထပ်​မံ​ပေး​ဆောင်​ရ​ပါ​သ​လဲ? Swimming Pool, Gym အ​သုံး​ပြု​ခ​တွေ​က သီး​သန့် ထပ်​ပေး​ရ​နိုင်​လား?

အ​ခန်း​ဈေး​အ​ပြင် ကြို​တင်​သိ​ထား​သင့်​တဲ့ အ​ပို​ကုန်​ကျ​စ​ရိတ်​တွေ​က Project အ​လိုက် နှုန်း​ထား အ​နည်း​ငယ် ကွာ​နိုင်​ပေ​မဲ့ ယေ​ဘု​ယျ​အား​ဖြင့် ဒီ​ခေါင်း​စဉ်​လေး​တွေ​ပဲ ရှိ​ပါ​တယ်​ခင်​ဗျာ။

  • Transfer Fee (အ​မည်​ပြောင်း အ​ခွန်) — အ​မည်​ပြောင်း​ချိန်​မှာ တစ်​ကြိမ်​တည်း ပေး​ရ​တဲ့ အ​ခွန်​ပါ။ ယေ​ဘု​ယျ​အား​ဖြင့် အ​ခန်း​တန်​ဖိုး​ရဲ့ ၂% ဝန်း​ကျင် ရှိ​တတ်​ပြီး၊ ဝယ်​သူ​နဲ့ ရောင်း​သူ တစ်​ဝက်​စီ ခွဲ​ပေး​မ​လား၊ ဒါ​မှ​မ​ဟုတ် Promotion အ​နေ​နဲ့ Developer ဘက်​က ကျ​ခံ​ပေး​မ​လား​ဆို​တာ Project အ​လိုက် ကွာ​ခြား​ပါ​တယ်။
  • Sinking Fund (အ​ရေး​ပေါ် ရန်​ပုံ​ငွေ) — အ​ဆောက်​အ​အုံ​ကြီး ရေ​ရှည် ပြု​ပြင်​ထိန်း​သိမ်း​မှု​တွေ​အ​တွက် တစ်​ကြိမ်​တည်း ကောက်​ခံ​တဲ့ ရန်​ပုံ​ငွေ ဖြစ်​ပါ​တယ်။ များ​သော​အား​ဖြင့် ၁ sqm ပေါ် နှုန်း​ထား​နဲ့ တွက်​ချက်​ပြီး အ​မည်​ပြောင်း​ချိန်​မှာ ပေး​သွင်း​ရ​ပါ​တယ်။
  • Maintenance Fee / Common Fee (ဘုံ​ထိန်း​သိမ်း​ခ) — အ​ခန်း​ပိုင်​ရှင် ဖြစ်​ပြီး​နောက်​ပိုင်း ပုံ​မှန် ဆက်​ပေး​နေ​ရ​မယ့် တစ်​ခု​တည်း​သော ကုန်​ကျ​စ​ရိတ်​ပါ။ ၁ sqm ကို တစ်​လ ဘယ်​လောက်​ဆို​တဲ့ နှုန်း​ထား​နဲ့ တွက်​ပြီး Project အ​လိုက် ၆ လ​တစ်​ကြိမ် ဒါ​မှ​မ​ဟုတ် ၁ နှစ်​တစ်​ကြိမ် ကြို​တင် ကောက်​ခံ​လေ့ ရှိ​ပါ​တယ်။
  • အ​ခြား ကုန်​ကျ​စ​ရိတ် — ရေ​မီ​တာ၊ မီး​မီ​တာ တပ်​ဆင်​ခ Deposit နဲ့ တ​ကယ်​လို့ ပ​ရိ​ဘော​ဂ မ​ပါ​တဲ့ အ​ခန်း​ဆို​ရင် ပ​ရိ​ဘော​ဂ​နဲ့ အ​ခန်း​ပြင်​ဆင်​စ​ရိတ်​တွေ ရှိ​နိုင်​ပါ​တယ်။

Swimming Pool နဲ့ Gym အ​သုံး​ပြု​ခ — ရေ​ကူး​ကန်၊ Gym / Fitness၊ လုံ​ခြုံ​ရေး​နဲ့ ကား​ပါ​ကင် စ​တဲ့ ဘုံ Facility တွေ​ရဲ့ အ​သုံး​ပြု​ခ​ဟာ အ​ပေါ်​မှာ ပြော​ခဲ့​တဲ့ Maintenance Fee (ဘုံ​ထိန်း​သိမ်း​ခ) ထဲ​မှာ အ​ကုန်​ပါ​ပြီး​သား ဖြစ်​ပါ​တယ်။ ဒါ​ကြောင့် ရေ​ကူး​တိုင်း၊ Gym ဆော့​တိုင်း သီး​သန့် ထပ်​ပေး​စ​ရာ လုံး​ဝ မ​လို​ပါ​ဘူး​ခင်​ဗျာ။ (တ​ချို့ Project တွေ​မှာ သီး​သန့် အ​စည်း​အ​ဝေး​ခန်း ကြို​တင်​မှာ​ယူ​တာ​မျိုး​လို ခြွင်း​ချက်​လေး​တွေ​တော့ ရှိ​နိုင်​တာ​မို့ စိတ်​ဝင်​စား​တဲ့ Project ရဲ့ စည်း​ကမ်း​ကို သေ​ချာ အ​တည်​ပြု​ပေး​ပါ့​မယ်။)

(မှတ်​ချက် - တ​ချို့ Project တွေ​မှာ အ​ထူး Promotion အ​နေ​နဲ့ Transfer Fee၊ Sinking Fund နဲ့ ပ​ထ​မ​နှစ် Maintenance Fee တွေ​ကို အ​ခ​မဲ့ လက်​ဆောင်​ပေး​ထား​တာ​မျိုး​လည်း ရှိ​ပါ​တယ်။ ဒါ​တွေ​က Project အ​လိုက်၊ အ​ချိန်​ကာ​လ အ​လိုက် ပြောင်း​လဲ​နိုင်​လို့ သက်​ဆိုင်​ရာ Project စာ​မျက်​နှာ​နဲ့ Chat Box မှာ အ​တိ​အ​ကျ မေး​မြန်း​နိုင်​ပါ​တယ်​ခင်​ဗျာ။)

မေး​ခွန်း ၆Payment Plan (ငွေ​ပေး​ချေ​မှု အ​စီ​အ​စဉ်) အ​ထွေ​ထွေ ဘယ်​လို​ပုံ​စံ​တွေ ရှိ​ပါ​သ​လဲ?

Payment Plan က Project အ​လိုက်၊ အ​ခန်း​အ​လိုက် မ​တူ​ပါ​ဘူး​ခင်​ဗျာ။ ဒါ​ပေ​မဲ့ ယေ​ဘု​ယျ ပုံ​စံ​လေး​တွေ​ကို သိ​ထား​ရင် နှိုင်း​ယှဉ်​ရ​တာ ပို​လွယ်​ကူ​ပါ​တယ်။

  • Booking Fee — ကိုယ်​ကြိုက်​တဲ့ အ​ခန်း​ကို ထိန်း​ထား​ဖို့ ပ​ထ​မ​ဆုံး သွင်း​ရ​တဲ့ ကြို​တင်​ငွေ ပ​မာ​ဏ အ​နည်း​ငယ်​ပါ။
  • Down Payment (စ​ရန်​ငွေ / ပ​ထ​မ​အ​ရစ်) — စာ​ချုပ်​ချုပ်​ပြီး​နောက် သတ်​မှတ်​ထား​တဲ့ ရာ​ခိုင်​နှုန်း​ကို တစ်​လုံး​တည်း​ဖြစ်​ဖြစ်၊ လ​အ​နည်း​ငယ် ခွဲ​ပြီး​ဖြစ်​ဖြစ် ပေး​သွင်း​ရ​ပါ​တယ်။
  • အ​ရစ်​ကျ (Installment) — ဆောက်​လုပ်​ဆဲ Project (Off-plan) ဆို​ရင် ဆောက်​လုပ်​နေ​တဲ့ ကာ​လ​အ​တွင်း လ​စဉ် အ​ရစ်​ကျ သွင်း​ရ​ပြီး၊ အ​သင့်​နေ​နိုင်​တဲ့ Project (Ready to Move In) ဆို​ရင် Developer ဘက်​က ကိုယ်​ပိုင် အ​ရစ်​ကျ အ​စီ​အ​စဉ်​လေး​တွေ ပေး​ထား​တာ​မျိုး ရှိ​ပါ​တယ်။ တ​ချို့ Project တွေ​မှာ အ​တိုး ၀% အ​စီ​အ​စဉ်​တွေ​တောင် ပါ​တတ်​ပါ​တယ်။
  • Balance at Transfer (ကျန်​ငွေ) — အ​မည်​ပြောင်း လွှဲ​ပြောင်း​ချိန်​ကျ​မှ ကျန်​နေ​တဲ့ ငွေ​ပ​မာ​ဏ​ကို အ​ကြေ ပေး​ချေ​ရ​တာ​ပါ။

ကိုယ်​တိုင်​နေ​ဖို့ ဝယ်​တာ​ပဲ​ဖြစ်​ဖြစ်၊ အ​ငှား​ချ​ဖို့ ဝယ်​တာ​ပဲ​ဖြစ်​ဖြစ် Payment Plan က​တော့ အ​တူ​တူ​ပါ​ပဲ​ခင်​ဗျာ။ ရည်​ရွယ်​ချက်​ကြောင့် ငွေ​ပေး​ချေ​မှု ပုံ​စံ ပြောင်း​သွား​တာ​မျိုး မ​ရှိ​ပါ​ဘူး။ ကွာ​ခြား​သွား​တာ​က ကိုယ့်​ရည်​ရွယ်​ချက်​နဲ့ အ​ကိုက်​ညီ​ဆုံး ဖြစ်​မယ့် အ​ခန်း (အ​ထပ်၊ မျက်​နှာ​မူ​ရာ အ​ရပ်၊ အ​ခန်း​အ​ကျယ်) ကို ရွေး​ချယ်​ပေး​တာ​ပဲ ဖြစ်​ပါ​တယ်။

(မှတ်​ချက် - နိုင်​ငံ​ခြား​သား​တွေ​အ​တွက် ထိုင်း​ဘဏ်​က​နေ Home Loan ချေး​ငွေ ယူ​ဖို့​က ကန့်​သတ်​ချက် အ​ရမ်း​များ​ပါ​တယ်။ ဒါ​ကြောင့် ဝယ်​သူ​အ​များ​စု​က ကိုယ်​ပိုင်​ငွေ​နဲ့ Developer ရဲ့ အ​ရစ်​ကျ အ​စီ​အ​စဉ်​ကို တွဲ​သုံး​ပြီး ဝယ်​ယူ​ကြ​တာ များ​ပါ​တယ်​ခင်​ဗျာ။)

မေး​ခွန်း ၇ဝယ်​ပြီး​ရင် ပြန်​လည်​ငှား​ရမ်း​ထား​လို့ ရ​ပါ​သ​လား? ငှား​ခ ဘယ်​လောက်​ရ​နိုင်​ပါ​သ​လဲ?

ဟုတ်​ကဲ့၊ အေး​အေး​ဆေး​ဆေး ပြန်​ငှား​ထား​လို့ ရ​ပါ​တယ်​ခင်​ဗျာ။ ကိုယ်​တိုင် မ​နေ​ဖြစ်​သေး​တဲ့ ကာ​လ​မှာ အ​ငှား​ချ​ထား​ပြီး လ​စဉ် ပုံ​မှန် ဝင်​ငွေ တစ်​ခု ရ​ယူ​နိုင်​ပါ​တယ်။ ကိုယ်​တိုင်​နေ​ဖို့ ဝယ်​တာ​နဲ့ ရင်း​နှီး​မြှုပ်​နှံ​ဖို့ ဝယ်​တာ​ကြား​မှာ ဝယ်​ယူ​ခွင့် ကွာ​ခြား​ချက် လုံး​ဝ မ​ရှိ​ပါ​ဘူး။

ငှား​ခ ပ​မာ​ဏ​က​တော့ Project တစ်​ခု​နဲ့​တစ်​ခု၊ အ​ခန်း​တစ်​ခန်း​နဲ့​တစ်​ခန်း အ​များ​ကြီး ကွာ​ခြား​နိုင်​ပါ​တယ်။ အ​ဓိ​က မူ​တည်​တာ​တွေ​က​တော့ —

  • BTS / MRT ရ​ထား​ဘူ​တာ​နဲ့ အ​ကွာ​အ​ဝေး၊ သွား​လာ​ရေး လွယ်​ကူ​မှု
  • အ​ခန်း​အ​ကျယ်၊ အ​ထပ်၊ မျက်​နှာ​မူ​ရာ အ​ရပ် နဲ့ မြင်​ကွင်း (View)
  • အ​ခန်း​တွင်း ပ​ရိ​ဘော​ဂ​နဲ့ အ​လှ​ဆင်​ထား​မှု (Decoration) အ​ဆင့်​အ​တန်း
  • အ​နီး​အ​နား​က ကျောင်း၊ ဆေး​ရုံ၊ Shopping Mall နဲ့ အ​လုပ်​အ​ကိုင် အ​ရင်း​အ​မြစ်​တွေ ဖြစ်​ပါ​တယ်။

ဒါ​ကြောင့် ဒီ​အ​ထွေ​ထွေ စာ​မျက်​နှာ​မှာ ငှား​ခ ဂ​ဏန်း​တစ်​ခု​ကို အ​သေ​သတ်​မှတ်​ပြီး မ​ဖော်​ပြ​ထား​ပါ​ဘူး​ခင်​ဗျာ။ ဂ​ဏန်း​မှန်​မှန်​ကန်​ကန် သိ​ရ​ဖို့​ဆို​ရင် လူ​ကြီး​မင်း ကြည့်​နေ​တဲ့ Project အ​လိုက်၊ အ​ခန်း​အ​လိုက် လက်​ရှိ ဈေး​ကွက်​ပေါက်​ဈေး​နဲ့ သီး​သန့် တွက်​ချက်​ပြ​ပေး​တာ ပို​တိ​ကျ​ပါ​တယ်။

(မှတ်​ချက် - ငှား​ခ​ဆို​တာ ဈေး​ကွက်​အ​ခြေ​အ​နေ​ပေါ် မူ​တည်​ပြီး အ​တက်​အ​ကျ ရှိ​တတ်​တာ​မို့ ဘယ် Agent က​မှ ငှား​ခ​ကို ပုံ​သေ အာ​မ​ခံ​လို့ မ​ရ​ပါ​ဘူး။ ဒါ​ပေ​မဲ့ အ​ငှား​ဝင်​ငွေ​လေး ရှိ​နေ​တဲ့​အ​ခါ အ​ရစ်​ကျ ပေး​သွင်း​နေ​ရ​တဲ့ ကာ​လ​မှာ ကိုယ့်​အိတ်​ထဲ​က စိုက်​ထုတ်​ရ​တဲ့ ဝန်​ကို အ​များ​ကြီး သက်​သာ​စေ​ပါ​တယ်​ခင်​ဗျာ။)

မေး​ခွန်း ၈အိမ်​ငှား ရှာ​ဖွေ​ပေး​ခြင်း​နှင့် စီ​မံ​ခန့်​ခွဲ​မှု ဝန်​ဆောင်​မှု ရှိ​ပါ​သ​လား?

ရှိ​ပါ​တယ်​ခင်​ဗျာ။ ကျွန်​တော်​တို့ Realtor YAYA ဆီ​က​နေ ဝယ်​ယူ​အား​ပေး​တဲ့ လူ​ကြီး​မင်း​တို့ အ​ဆင်​ပြေ​စေ​ဖို့ အ​ငှား​ဝန်​ဆောင်​မှု​ကို ပုံ​စံ ၂ မျိုး စီ​စဉ်​ပေး​ထား​ပါ​တယ်။

ပုံ​စံ ၁ (အ​ခ​မဲ့) အိမ်​ငှား​ရှာ​ပေး​ခြင်း + စာ​ချုပ် ချုပ်​ဆို​ပေး​ခြင်း

အိမ်​ငှား ရှာ​ဖွေ​ပေး​တာ​နဲ့ အ​ငှား​စာ​ချုပ် ချုပ်​ဆို​ပေး​တာ​ကို ဝန်​ဆောင်​ခ လုံး​ဝ မ​ယူ​ဘဲ အ​ခ​မဲ့ ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ​တယ်။ (လ​စဉ် စီ​မံ​ခန့်​ခွဲ​မှု​တော့ မ​ပါ​ဝင်​ပါ​ဘူး​ခင်​ဗျာ။)

ပုံ​စံ ၂ (၁ လ​စာ ဝန်​ဆောင်​ခ) အိမ်​ငှား​ရှာ​ပေး​ခြင်း + ၁ နှစ်​တာ စီ​မံ​ခန့်​ခွဲ​မှု

အိမ်​ငှား​ခ တစ်​လ​စာ ဝန်​ဆောင်​ခ​နဲ့ အိမ်​ငှား​ရှာ​ပေး​တဲ့​အ​ပြင်၊ ၁ နှစ်​ပတ်​လုံး လ​စဉ် ငှား​ခ ကောက်​ခံ​ပေး​တာ၊ အ​ခန်း​တွင်း ပြု​ပြင်​ထိန်း​သိမ်း​မှု ကိစ္စ​တွေ​ကို ကြား​ခံ ညှိ​နှိုင်း စီ​မံ​ပေး​တာ​တွေ အ​ကုန် တာ​ဝန်​ယူ​ပေး​ပါ​တယ်။ ထိုင်း​နိုင်​ငံ​ရဲ့ ဈေး​ကွက်​ထုံး​စံ​အ​ရ​လည်း အိမ်​ငှား​ရှာ​ပေး​ခ (Tenant-placement Fee) က ငှား​ခ တစ်​လ​စာ​ပဲ ဖြစ်​ပါ​တယ်​ခင်​ဗျာ။

(မှတ်​ချက် - အိမ်​ငှား မြန်​မြန်​ရ​ဖို့​က ဈေး​ကွက်​ပေါက်​ဈေး​အ​တိုင်း သင့်​တင့်​တဲ့ ငှား​ခ ထား​တာ​နဲ့ အ​ခန်း​တွင်း ပြင်​ဆင်​မှု သပ်​ရပ်​လှ​ပ​မှု​ပေါ် များ​စွာ မူ​တည်​ပါ​တယ်။ အိမ်​ငှား ရ​မယ်​လို့ အ​သေ​အ​ချာ က​တိ​မ​ပေး​နိုင်​ပေ​မဲ့ အ​မြန်​ဆုံး အ​ငှား​ထွက်​အောင် အ​စွမ်း​ကုန် ကြိုး​စား​ပေး​ပြီး အ​ခန်း Decoration အ​ပိုင်း​ကို​လည်း သေ​ချာ အ​ကြံ​ပြု စီ​စဉ်​ပေး​ပါ​တယ်​ခင်​ဗျာ။)

မေး​ခွန်း ၉အိမ်​မွေး​တိ​ရစ္ဆာန် (Pet) မွေး​လို့​ရ​ပါ​သ​လား?

ဒီ​မေး​ခွန်း​က​တော့ Project တစ်​ခု​နဲ့​တစ်​ခု လုံး​ဝ ကွာ​ခြား​ပါ​တယ်​ခင်​ဗျာ။ General အ​ဖြေ တစ်​ခု​တည်း​နဲ့ ဆုံး​ဖြတ်​လို့ မ​ရ​ပါ​ဘူး။

  • ဘန်​ကောက်​က ကွန်​ဒို အ​များ​စု​က Pet မွေး​ခွင့် မ​ရှိ​ပါ​ဘူး။ ခွေး​ရော ကြောင်​ပါ မွေး​ခွင့်​မ​ပြု​တဲ့ Project တွေ များ​ပါ​တယ်။
  • Pet-Friendly လို့ ခွင့်​ပြု​ထား​တဲ့ Project တွေ​မှာ​တောင် အ​ဆောက်​အ​အုံ (Building) အ​လိုက် ခွဲ​ခြား​ခွင့်​ပြု​တာ​မျိုး၊ အ​ကောင်​ရေ​နဲ့ ကိုယ်​အ​လေး​ချိန်/အ​ရွယ်​အ​စား ကန့်​သတ်​တာ​မျိုး၊ မှတ်​ပုံ​တင်​ကြေး​နဲ့ စည်း​ကမ်း​ချက်​တွေ ရှိ​နိုင်​ပါ​တယ်။
  • ဆောက်​လုပ်​ဆဲ (Off-plan) Project ဆို​ရင်​လည်း ပြီး​စီး​မယ့် အ​ချိန်​နဲ့ လက်​ရှိ ကြည့်​နိုင်​တာ Showroom ပဲ​လား​ဆို​တာ​ကို​ပါ တွဲ​ကြည့်​ဖို့ လို​ပါ​တယ်။

အ​ကြံ​ပြု​ချက် — ကိုယ့်​ရဲ့ အ​ချစ်​တော်​လေး​တွေ​နဲ့ အ​တူ​နေ​မယ်​ဆို​ရင် ဝယ်​ခါ​နီး​တိုင်း​မှာ အဲ​ဒီ Project ရဲ့ Pet မူ​ဝါ​ဒ​ကို အ​ခန်း​တစ်​ခန်း​ချင်း​အ​လိုက် သေ​ချာ အ​တည်​ပြု​ဖို့ အ​ရေး​ကြီး​ဆုံး​ပါ။ ဥ​ပ​မာ ARLO Sukhumvit 105 မှာ​ဆို​ရင် အ​ဆောက်​အ​အုံ ၄ ဆောင်​လုံး Pet မွေး​ခွင့် ရှိ​ပါ​တယ်။ ဒါ​ပေ​မဲ့ Pet အ​မျိုး​အ​စား၊ အ​ကောင်​ရေ​နဲ့ အ​ရွယ်​အ​စား ကန့်​သတ်​ချက်၊ မှတ်​ပုံ​တင် စည်း​ကမ်း​တွေ​ကို​တော့ မ​ဝယ်​ခင်​က​တည်း​က အ​တိ​အ​ကျ အ​တည်​ပြု​ပေး​ပါ​မယ်။ Pet-Friendly ရွေး​ချယ်​စ​ရာ​တွေ ဖြစ်​တဲ့ ARLO Sukhumvit 105 နဲ့ Aspire Sukhumvit 103 တို့​အ​တွက် သီး​သန့် စာ​မျက်​နှာ​လေး​တွေ​မှာ​လည်း အ​သေး​စိတ် ဝင်​ဖတ်​နိုင်​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၁၀Room Inspection ဆို​တာ ဘာ​လဲ? ဘယ်​သူ​နဲ့ စစ်​ဆေး​ခိုင်း​ရ​မ​လဲ?

Room Inspection ဆို​တာ ကွန်​ဒို​အ​သစ်​တစ်​ခန်း​ကို အ​ခန်း​ပိုင်​ရှင်​ဆီ အ​ပြီး​သတ် မ​လွှဲ​အပ်​ခင်​မှာ အ​ခန်း​ထဲ​မှာ ချို့​ယွင်း​ချက်​တွေ ရှိ​မ​ရှိ ကြို​တင်​စစ်​ဆေး​ပြီး ပြန်​ပြင်​ခိုင်း​ရ​တဲ့ အ​ခန်း​စစ်​ဆေး​ခြင်း အ​ဆင့် ကို ပြော​တာ​ပါ​ခင်​ဗျာ။ အ​ခန်း​ကို စ​ကြည့်​ခဲ့​တုန်း​က အ​တိုင်း တန်း​ပြီး လက်​ခံ​ယူ​ရ​တာ မ​ဟုတ်​ပါ​ဘူး။

စစ်​ဆေး​ရေး​အ​ဖွဲ့ ရွေး​ချယ်​တဲ့​အ​ခါ​မှာ နည်း​လမ်း ၂ မျိုး ရှိ​ပါ​တယ် —

Developer အ​ဖွဲ့​နဲ့ စစ်​ဆေး​ခြင်း — Developer ဘက်​က အ​ဖွဲ့​နဲ့ စစ်​မယ်​ဆို​ရင် အ​ဓိ​က စစ်​ဆေး​ပေး​မှာ​က ရေ​ပိုက်​လိုင်း​နဲ့ လျှပ်​စစ်​မီး​လိုင်း အ​လုပ်​လုပ်​ပုံ​တွေ​ပါ​ပဲ။ ကျန်​တဲ့ နံ​ရံ၊ ကြမ်း​ခင်း စ​တာ​တွေ​ကို​တော့ အ​သေး​စိတ် မ​စစ်​ပေး​တတ်​ပါ​ဘူး။

3rd Party Inspector (ပြင်​ပ ပ​ညာ​ရှင်​အ​ဖွဲ့) နဲ့ စစ်​ဆေး​ခြင်း (Realtor YAYA မှ အ​ထူး Recommend လုပ်​ပါ​တယ်) — Developer နဲ့ သီး​ခြား​လွတ်​လပ်​တဲ့ ပြင်​ပ ပ​ညာ​ရှင်​အ​ဖွဲ့​ကို ခေါ်​စစ်​တာ​က​တော့ အ​ခန်း​ရဲ့ စ​တု​ရန်း​မီ​တာ (sqm) တစ်​ခု​ချင်း​စီ​က​စ​ပြီး နံ​ရံ၊ ကြမ်း​ခင်း၊ တံ​ခါး၊ ပြ​တင်း​ပေါက်၊ ရေ​ပိုက်​လိုင်း​နဲ့ လျှပ်​စစ်​မီး​လိုင်း အ​သေး​စိတ် အ​ကုန်​လုံး​ကို အ​ထူး​ကိ​ရိ​ယာ​တွေ​နဲ့ စစ်​ဆေး​ပေး​ပါ​တယ်။ တွေ့​ရှိ​တဲ့ ချို့​ယွင်း​ချက် မှတ်​တမ်း (Defect Report) ကို အ​ခန်း​ပိုင်​ရှင်​ဆီ Email နဲ့ ပို့​ပေး​သ​လို၊ ပြန်​လည်​ပြင်​ဆင်​ပေး​ဖို့ ကွန်​ဒို (Developer) ဘက်​ကို​လည်း စာ​အုပ်​နဲ့ တ​ရား​ဝင် ပေး​ပို့​ပါ​တယ်။

3rd Party နဲ့ စစ်​ဆေး​ဖို့ ဘာ​ကြောင့် အ​ကြံ​ပြု​ရ​သ​လဲ​ဆို​ရင် —

၂ ကြိမ် အ​ပြီး​အ​စီး စစ်​ဆေး​ပေး​ခြင်း: ပ​ထ​မ​အ​ကြိမ် စစ်​ဆေး​တွေ့​ရှိ​တဲ့ ချို့​ယွင်း​ချက်​တွေ​ကို Developer ဘက်​က ပြင်​ဆင်​ပြီး​တဲ့​အ​ခါ သေ​ချာ ကောင်း​မွန်​သွား​ပြီ​လား​ဆို​တာ နောက်​တစ်​ကြိမ် ထပ်​စစ်​ပေး​တာ​မို့ စု​စု​ပေါင်း ၂ ကြိမ် စစ်​ဆေး​ပေး​ပါ​တယ်။ ဝန်​ဆောင်​ခ​က​တော့ အ​ခန်း​အ​ကျယ် (sqm) အ​လိုက် တွက်​ယူ​တာ​ဖြစ်​ပြီး ၂ ကြိမ်​စာ အ​ပြီး​အ​စီး​ကို အ​နည်း​ဆုံး ၂,၈၀၀ ဘတ် လောက်​က​နေ စ​ပါ​တယ်​ခင်​ဗျာ။

ဝင်​နေ​ပြီး​မှ ပြ​ဿ​နာ မ​တက်​စေ​ရန်: Room Inspection သေ​ချာ မ​စစ်​ထား​ဘဲ အ​လျင်​စ​လို လက်​ခံ​ပြီး အိမ်​ခန်း​ထဲ ဝင်​ရောက်​နေ​ထိုင်​ပြီး​မှ Error တွေ ပေါ်​လာ​ခဲ့​ရင် တ​ချို့​ကွန်​ဒို​တွေ​က အ​ခ​မဲ့ ပြန်​ပြင်​ပေး​တာ ရှိ​ပေ​မဲ့၊ တ​ချို့​ကွန်​ဒို​တွေ​ကျ​တော့ ပြင်​ဆင်​ခ ကုန်​ကျ​စ​ရိတ် ပြန်​ကောက်​ခံ​တာ​မျိုး ဒါ​မှ​မ​ဟုတ် ပြင်​ပ​က ပြင်​တဲ့​အ​ဖွဲ့​ကို ကိုယ့်​ဘာ​သာ ခေါ်​ပါ​လို့ ပြော​တတ်​တာ​မျိုး​တွေ ရှိ​ပါ​တယ်။

ဒါ​ကြောင့် လူ​ကြီး​မင်း လက်​ခံ​ရ​ရှိ​မယ့် အ​ခန်း​ဟာ မူ​လ ကြည့်​ခဲ့​တုန်း​က​ထက်​တောင် ပို​သပ်​ရပ်​ပြီး အ​ပြစ်​အ​နာ​အ​ဆာ ကင်း​စင်​တဲ့ အ​ခန်း ဖြစ်​နေ​စေ​ဖို့ ကျွန်​တော်​တို့ Realtor YAYA အ​နေ​နဲ့ 3rd Party Inspector ခေါ်​ပြီး စစ်​ဆေး​ဖို့ အ​ထူး Recommend လုပ်​ပေး​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၁၁ကိုယ်​နဲ့ သင့်​တော်​တဲ့ အ​ခန်း​ကို ဘယ်​လို ရွေး​ချယ်​ရ​မ​လဲ?

ဈေး​အ​နည်း​ဆုံး အ​ခန်း​ကို ရွေး​တာ​ထက် ကိုယ့်​ရည်​ရွယ်​ချက်​နဲ့ အ​ကိုက်​ညီ​ဆုံး အ​ခန်း ကို ရွေး​ချယ်​နိုင်​ဖို့​က အ​ရေး​ကြီး​ဆုံး​ပါ​ခင်​ဗျာ။ အ​ခန်း​မ​ရွေး​ခင် ဒီ​အ​ချက် ၆ ချက်​ကို အ​ရင် စဉ်း​စား​ကြည့်​စေ​ချင်​ပါ​တယ်။

  1. ရည်​ရွယ်​ချက် — ကိုယ်​တိုင်​နေ​ဖို့​လား၊ အ​ငှား​ချ​ဖို့​လား၊ ဒါ​မှ​မ​ဟုတ် နှစ်​မျိုး​လုံး​လား။ ကိုယ်​တိုင်​နေ​မယ်​ဆို​ရင် နေ့​စဉ် သွား​လာ​နေ​ထိုင်​မှု အ​ဆင်​ပြေ​ဖို့​က ပ​ထ​မ၊ အ​ငှား​ချ​မယ်​ဆို​ရင် အိမ်​ငှား ဝယ်​လို​အား​ကောင်း​တဲ့ နေ​ရာ​နဲ့ အ​ခန်း​ပုံ​စံ​က ပ​ထ​မ ဖြစ်​ပါ​တယ်။
  2. Budget အ​ပြည့်​အ​စုံ — အ​ခန်း​ဈေး​တစ်​ခု​တည်း မ​ဟုတ်​ဘဲ အ​မည်​ပြောင်း​ချိန် ပေး​ရ​မယ့် အ​ပို​ကုန်​ကျ​စ​ရိတ် (မေး​ခွန်း ၅) နဲ့ ပ​ရိ​ဘော​ဂ/အ​ခန်း​ပြင်​ဆင်​စ​ရိတ်​တွေ​ကို​ပါ တစ်​ခါ​တည်း ထည့်​တွက်​ထား​ပါ။
  3. တည်​နေ​ရာ​နဲ့ သယ်​ယူ​ပို့​ဆောင်​ရေး — BTS / MRT ရ​ထား​ဘူ​တာ​နဲ့ အ​ကွာ​အ​ဝေး​ကို မီ​တာ​အ​တိ​အ​ကျ ကြည့်​ပါ။ Shuttle Bus ရှိ​မ​ရှိ၊ လမ်း​မ​ကြီး​ပေါ်​လား လမ်း​သွယ်​ထဲ​မှာ​လား ဆို​တာ​ကို​လည်း ထည့်​စဉ်း​စား​ပါ။
  4. အ​နီး​အ​နား လို​အပ်​ချက်​တွေ — က​လေး​ရှိ​ရင် ကျောင်း၊ မိ​သား​စု​အ​တွက်​ဆို ဆေး​ရုံ၊ နေ့​စဉ် စား​သောက်​ရေး​အ​တွက်​ဆို ဈေး၊ 7-Eleven၊ Shopping Mall စ​သ​ဖြင့် ကိုယ့်​နေ​ထိုင်​မှု​ပုံ​စံ​နဲ့ ကိုက်​ညီ​တာ​ကို ဦး​စား​ပေး​ပါ။
  5. အ​ခန်း အ​သေး​စိတ် — အ​ထပ်၊ မျက်​နှာ​မူ​ရာ အ​ရပ် (ဥ​ပ​မာ မ​နက်​နေ​ရောင်​ရ​ပြီး ည​နေ​ပိုင်း အေး​တဲ့ အ​ရှေ့​ဘက်​လှည့်​ကို ကြိုက်​တဲ့​သူ များ​ပါ​တယ်)၊ မြင်​ကွင်း ပွင့်​မ​ပွင့်၊ အ​ထပ်​နိမ့် Low-rise (၈ ထပ်​ဝန်း​ကျင်) လား High-rise လား ဆို​တာ​ပါ။ အ​ထပ်​မြင့် ကြောက်​တတ်​သူ​တွေ​အ​တွက် Low-rise က ပို​စိတ်​အေး​ရ​ပါ​တယ်။
  6. စီ​မံ​ခန့်​ခွဲ​မှု (Juristic) — အ​ဆောက်​အ​အုံ​ကို ထိန်း​သိမ်း​စီ​မံ​တဲ့ Juristic အ​ဖွဲ့ ကောင်း​မ​ကောင်း၊ နေ​ထိုင်​သူ​အ​ချင်း​ချင်း စည်း​စ​နစ်​ရှိ​မ​ရှိ​က ရေ​ရှည် နေ​ထိုင်​မှု အ​ရည်​အ​သွေး​ကို အ​များ​ကြီး သက်​ရောက်​စေ​ပါ​တယ်။

ကျွန်​တော်​တို့ Realtor YAYA ရဲ့ မူ​ဝါ​ဒ​က ရှင်း​ပါ​တယ် — “သေ​ချာ​တိုင်​ပင်​ပြီး​မှ၊ သင့်​တော်​တဲ့ အ​ခန်း​ပဲ ရောင်း​မယ်”။ မ​ကိုက်​ညီ​ရင် အ​တင်း​အ​ကျပ် မ​ရောင်း​ပါ​ဘူး။ လူ​ကြီး​မင်း​ရဲ့ Budget၊ လို​ချင်​တဲ့ တည်​နေ​ရာ​နဲ့ အ​ခန်း​အ​ကျယ်​လေး​ကို ပြော​ပြ​ပေး​ရင် အ​ကိုက်​ညီ​ဆုံး ရွေး​ချယ်​စ​ရာ​တွေ​ကို နှိုင်း​ယှဉ်​ပြ​ပေး​ပါ​မယ်​ခင်​ဗျာ။

မေး​ခွန်း ၁၂အ​ခန်း​အ​ကျယ် (sqm / sqft) နဲ့ အ​မျိုး​အ​စား​ကို ဘယ်​လို နား​လည်​ရ​မ​လဲ?

ထိုင်း​နိုင်​ငံ​မှာ အ​ခန်း​အ​ကျယ်​ကို sqm (စ​တု​ရန်း​မီ​တာ) နဲ့ ဖော်​ပြ​လေ့​ရှိ​ပြီး၊ မြန်​မာ​ဝယ်​သူ​တွေ​က​တော့ sqft (စ​တု​ရန်း​ပေ) နဲ့ ပို​ရင်း​နှီး​ကြ​ပါ​တယ်။ အ​လွယ်​ကူ​ဆုံး ပြောင်း​တွက်​နည်း​က​တော့ —

1 sqm ≈ 10.764 sqft ဖြစ်​ပါ​တယ်။ ဥ​ပ​မာ 28 sqm ဆို​ရင် 301 sqft ဝန်း​ကျင်၊ 30 sqm ဆို​ရင် 323 sqft ဝန်း​ကျင်၊ 35 sqm ဆို​ရင် 377 sqft ဝန်း​ကျင် ရှိ​ပါ​တယ်။ နှိုင်း​ယှဉ်​တဲ့​အ​ခါ နှစ်​မျိုး​လုံး ယှဉ်​ကြည့်​ရင် မျက်​စိ​ထဲ ပို​မြင်​လွယ်​ပါ​တယ်။

  • 1 Bedroom — ဧည့်​ခန်း​နဲ့ အိပ်​ခန်း သီး​သန့် ခွဲ​ထား​တဲ့ ပုံ​စံ​ပါ။ ကိုယ်​တိုင်​နေ​ဖို့​ရော ပြန်​ငှား​စား​ဖို့​ပါ လူ​ကြိုက် အ​များ​ဆုံး အ​မျိုး​အ​စား ဖြစ်​ပါ​တယ်။
  • 1 Bedroom Plus — ပုံ​မှန် 1 Bedroom အ​ပြင် အ​ခန်း​ငယ်​လေး တစ်​ခန်း အ​ပို​ပါ​တဲ့ ပုံ​စံ​ပါ။ စာ​ကြည့်​ခန်း၊ အ​လုပ်​ခန်း ဒါ​မှ​မ​ဟုတ် က​လေး​အိပ်​ခန်း အ​နေ​နဲ့ အ​သုံး​ပြု​နိုင်​လို့ အ​ရမ်း အ​ဆင်​ပြေ​ပါ​တယ်။
  • ပ​ရိ​ဘော​ဂ (Furniture) — Project အ​လိုက် ပ​ရိ​ဘော​ဂ လုံး​ဝ မ​ပါ​တာ​မျိုး၊ တစ်​စိတ်​တစ်​ပိုင်း ပါ​တာ​မျိုး​နဲ့ အ​ပြည့်​အ​စုံ (Fully Furnished) ပါ​တာ​မျိုး ကွာ​ခြား​ပါ​တယ်။ ဈေး​နှိုင်း​ယှဉ်​တဲ့​အ​ခါ ပ​ရိ​ဘော​ဂ ပါ​မ​ပါ​ကို အ​မြဲ ထည့်​တွက်​ဖို့ လို​ပါ​တယ် — တစ်​ခါ​တ​လေ ဈေး​သက်​သာ​တယ်​ထင်​ရ​တဲ့ အ​ခန်း​က ပ​ရိ​ဘော​ဂ လုံး​ဝ မ​ပါ​လို့ နောက်​ဆုံး ကိုယ့်​ဘာ​သာ ဝယ်​ထည့်​ရ​တဲ့​အ​ခါ စု​စု​ပေါင်း ကုန်​ကျ​စ​ရိတ် ပို​များ​သွား​တာ​မျိုး ဖြစ်​တတ်​လို့​ပါ​ခင်​ဗျာ။
မေး​ခွန်း ၁၃Project တစ်​ခု​ချင်း​စီ​ရဲ့ အ​သေး​စိတ်​ကို ဘယ်​မှာ ဖတ်​ရ​မ​လဲ?

Project တစ်​ခု​ချင်း​စီ​ရဲ့ အ​သေး​စိတ်​ကို​တော့ အောက်​က သက်​ဆိုင်​ရာ စာ​မျက်​နှာ​တွေ​မှာ ဖတ်​နိုင်​ပါ​တယ်။

မ​ကြာ​မီ RYE Huamak

ဒီ Project အ​တွက် သီး​သန့် စာ​မျက်​နှာ ထပ်​လုပ်​ပေး​သွား​ပါ​မယ်။

(စိတ်​ဝင်​စား​တဲ့ Project အ​မည်​လေး​ကို Chat Box မှာ ပြော​ပြ​ပေး​ရင် သက်​ဆိုင်​ရာ အ​ခန်း​ပုံ၊ ဗီ​ဒီ​ယို​နဲ့ နောက်​ဆုံး​ရ ဈေး​နှုန်း​အ​ခြေ​အ​နေ​တွေ​ကို သီး​သန့် ပို့​ပေး​ပါ့​မယ်​ခင်​ဗျာ။)

မေး​ခွန်း ၁၄BOI ကွန်​ဒို ဆို​တာ ဘာ​လဲ၊ မြန်​မာ​ဝယ်​သူ ဝယ်​လို့​ရ​လား?

ဘတ် ၁ သန်း​ကျော်​နဲ့ ရောင်း​တဲ့ ကွန်​ဒို​ဆို​တာ BOI ကွန်​ဒို​ပါ။ BOI (Board of Investment) ဆို​တာ ထိုင်း​အ​စိုး​ရ​က ဝင်​ငွေ​နည်း​တဲ့ ထိုင်း​နိုင်​ငံ​သား​တွေ ရ​ထား​ဘူ​တာ​နဲ့ နီး​တဲ့​နေ​ရာ​မှာ ဈေး​သက်​သက်​သာ​သာ​နဲ့ ကိုယ်​ပိုင်​အိမ် ဝယ်​နိုင်​အောင် Developer တွေ​ကို အ​ခွန်​လျှော့​ပေါ့​ပေး​ပြီး အား​ပေး​ထား​တဲ့ အ​စီ​အ​စဉ်​ပါ​ခင်​ဗျာ။

ဈေး​သက်​သာ​ရ​တဲ့ အ​ကြောင်း​က ၂ ချက် ရှိ​ပါ​တယ် — အ​စိုး​ရ အ​ခွန်​လျှော့​ပေး​ထား​တာ​ရယ်၊ Developer က ကိုယ်​တိုင်​ဆောက်​လို့ ကုန်​ကျ​စ​ရိတ် သက်​သာ​တာ​ရယ်​ပါ။ ဒါ​ပေ​မဲ့ ဈေး​ချို​တိုင်း ဘယ်​သူ​မ​ဆို ဝယ်​လို့​မ​ရ​ပါ​ဘူး — ထိုင်း​နိုင်​ငံ​သား​တွေ​ဆို​ရင် လ​စဉ်​ဝင်​ငွေ ဘတ် ၅၀,၀၀၀ ထက် မ​ပို​ရ​ဘူး၊ တစ်​ယောက် တစ်​ခန်း​ပဲ ဝယ်​လို့​ရ​ပါ​တယ်။

ဒီ​အ​ခန်း​တွေ​ကို ထိုင်း​နိုင်​ငံ​သား​တွေ​ကို အ​ရင်​ဦး​စား​ပေး ရောင်း​ပါ​တယ်။ မြန်​မာ​ဝယ်​သူ​တွေ​အ​နေ​နဲ့​တော့ ထိုင်း​နိုင်​ငံ​သား​တွေ ဝယ်​ပြီး​လို့ ကျန်​တဲ့ Foreign Quota အ​ခန်း ဒါ​မှ​မ​ဟုတ် ပြန်​လည်​ရောင်း​ချ​တဲ့ (Resale) အ​ခန်း​တွေ​ကို ပုံ​မှန်​ဈေး​ကွက်​ပေါက်​ဈေး​နဲ့ ဝယ်​ယူ​ရ​တာ​မို့ ဈေး​နှုန်း​ချင်း​တော့ ကွာ​ခြား​ပါ​တယ်​ခင်​ဗျာ။

ဥ​ပ​မာ​အား​ဖြင့် Regent Green Power ရဲ့ project တွေ​ထဲ​မှာ Reach Sukhumvit 107, Reach Sukhumvit 93, RYE Huamak, RYE Sukhumvit 101, Regent Home Bangna, Regent Home Wutthakat တို့ ပါ​ဝင်​ပါ​တယ်။

မေး​ခွန်း ၁၅ဘန်​ကောက်​ကို ကိုယ်​တိုင် မ​လာ​နိုင်​ဘဲ အ​ဝေး​က​နေ ကွန်​ဒို​ဝယ်​လို့​ရ​လား?

ဟုတ်ကဲ့၊ စိတ်ချလက်ချ ဝယ်လို့ရပါတယ်ခင်ဗျာ။ ဘန်ကောက်ကို ကိုယ်တိုင် မလာနိုင်သေးရင်လည်း အခန်းဗီဒီယိုတွေနဲ့အတူ တိုက်ရိုက် Video Call ခေါ်ပြီး အသေးစိတ် ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ အခန်းရွေးချယ်တဲ့ အဆင့်ကနေ စာရွက်စာတမ်း ကိစ္စအဝဝကို ကျွန်တော်တို့အဖွဲ့က ကိုယ်စား လိုက်ပါဆောင်ရွက်ပေးပြီး၊ ကိုယ့်အမည်ပေါက် Title Deed လက်ဝယ်ရောက်တဲ့အထိရော၊ ပြန်ငှားချင်ရင် အငှားတင်ပေးတဲ့အထိပါ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။ ကိုယ်တိုင် ထိုင်းမှာ မရှိသေးရင်လည်း Power of Attorney (ကိုယ်စားလှယ် ခန့်အပ်လွှာ) နဲ့ ယုံကြည်စိတ်ချရတဲ့ ကိုယ်စားလှယ် — ဥပမာ ကျွန်တော်တို့ Realtor YAYA အဖွဲ့ — ကို ကြားထဲက စာရွက်စာတမ်း လက်မှတ်ထိုးဖို့နဲ့ အမည်ပြောင်းပြီးချိန်မှာ Title Deed နဲ့ Owner Book တို့ကို ကိုယ်စား ထုတ်ယူပေးဖို့ ခန့်အပ်နိုင်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဆီကနေ ကွန်ဒို ၃ ခန်း တစ်ပြိုင်တည်း ဝယ်ယူခဲ့တဲ့ ဝယ်သူတစ်ယောက်ဆိုရင် ကိုယ်တိုင် လာမယူနိုင်တဲ့အခါ အဖွဲ့က Power of Attorney နဲ့ စာရွက်စာတမ်း ကိစ္စအဝဝကို ကိုယ်စား အစအဆုံး ဆောင်ရွက်ပေးခဲ့ပါတယ်။ အထူး သတိပြုရမယ့် အချက် — အခန်းရွေးတာ၊ စာချုပ်ချုပ်တာတွေကို အဝေးကနေ လုပ်လို့ရပေမဲ့၊ Land Office မှာ ကိုယ့်အမည်ပေါက် တရားဝင် ပြောင်းလဲ/ထည့်သွင်းမယ့် အချိန်ကျရင်တော့ ထိုင်းနိုင်ငံကို ၁ ရက်တော့ မဖြစ်မနေ လာရောက်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။ အမည်လွှဲပြောင်းမှု လုပ်ငန်းစဉ် ပြီးစီးသွားပြီဆိုရင်တော့ နောက်ဆက်တွဲ ထွက်လာမယ့် Owner Book နဲ့ Title Deed စာအုပ်တွေကို လူကြီးမင်း ကိုယ်တိုင် ထပ်စောင့်စရာ မလိုဘဲ Power of Attorney နဲ့ ကျွန်တော်တို့အဖွဲ့က ကိုယ်စား ထုတ်ယူပေးလို့ ရပါတယ်ခင်ဗျာ။ ယုံကြည်စိတ်ချရဖို့အတွက် ကျွန်တော်တို့ဆီကနေ အဝေးကနေပဲ ဝယ်ယူပြီး အိမ်ပိုင်ရှင် စာအုပ်အပြာ (Owner Book / Tabien Baan) နဲ့ ဂရန်စာအုပ် (Title Deed) အပ်နှံပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း အများကြီး ရှိပါတယ်ခင်ဗျာ။

မေး​ခွန်း ၁၆အ​ခန်း​ဝယ်​ပြီး​နောက် အ​ဖွဲ့​က ဘာ​တွေ ဆက်​ကူ​ညီ​ပေး​လဲ?

အ​ခန်း​ရောင်း​လိုက်​တာ​နဲ့ ပြီး​သွား​တာ​မျိုး မ​ဟုတ်​ဘဲ၊ လူ​ကြီး​မင်း အိမ်​သစ်​မှာ စိတ်​ချမ်း​ချမ်း​သာ​သာ​နဲ့ ဝင်​ရောက်​နေ​ထိုင် အ​သား​ကျ​သွား​တဲ့​အ​ထိ နောက်​ဆက်​တွဲ တာ​ဝန်​ယူ ကူ​ညီ​ပေး​ပါ​တယ်​ခင်​ဗျာ။ အိမ်​အ​တွက် လို​အပ်​တဲ့ ပ​ရိ​ဘော​ဂ​တွေ၊ လျှပ်​စစ်​ပစ္စည်း​တွေ (ဥ​ပ​မာ HomePro, IKEA စ​သ​ဖြင့်) ကိုယ်​တိုင် မ​လာ​နိုင်​ရင်​တောင် အွန်​လိုင်း​က​နေ တိုင်​ပင်​ရွေး​ချယ်​ပြီး လိုက်​လံ​ဝယ်​ယူ တပ်​ဆင်​ပေး​တာ​က​အ​စ အ​ခန်း​တွင်း​ပိုင်း အ​လှ​ဆင် ပြင်​ဆင်​မှု​တွေ​အ​ထိ အ​စ​အ​ဆုံး ဘေး​က​နေ ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ​တယ်။

မေး​ခွန်း ၁၇Title Deed (Chanote) ဆို​တာ ဘာ​လဲ? ဘာ​တွေ စစ်​ဆေး​ရ​မ​လဲ?

Title Deed (Chanote / Nor Sor 4 Jor) ဆို​တာ လူ​ကြီး​မင်း​ရဲ့ ကွန်​ဒို​အ​ခန်း​ကို တ​ရား​ဝင် ပိုင်​ဆိုင်​ကြောင်း သက်​သေ​ပြ​တဲ့ မူ​ရင်း​ဂ​ရန်​စာ​အုပ် ဖြစ်​ပါ​တယ်​ခင်​ဗျာ။ ထိုင်း​မြေ​ယာ​ဌာ​န (Land Department) က​နေ တ​ရား​ဝင် ထုတ်​ပေး​တာ​ဖြစ်​ပြီး အ​ပေါ်​မှာ ထိုင်း​နိုင်​ငံ​တော်​တံ​ဆိပ် (Garuda တံ​ဆိပ်) ပါ​ရှိ​ပါ​တယ်။ ကွန်​ဒို​အ​ခန်း​အ​တွက် ဆို​ရင်​တော့ ဂ​ရန်​စာ​အုပ်​ပေါ်​မှာ ပိုင်​ရှင်​အ​မည်၊ အ​ခန်း​နံ​ပါတ်​နဲ့ အ​ခန်း​အ​ကျယ်​အ​ဝန်း အ​ချက်​အ​လက်​တွေ အ​တိ​အ​ကျ ပါ​ဝင်​ပါ​တယ်။

ဂ​ရန်​စာ​အုပ် လက်​ခံ​ရ​ရှိ​တဲ့​အ​ခါ​မှာ အ​ဓိ​က စစ်​ဆေး​ရ​မယ့် အ​ချက်​လေး​တွေ​က​တော့ —

  • ပိုင်​ရှင်​အ​မည် စာ​လုံး​ပေါင်း​က လူ​ကြီး​မင်း​ရဲ့ Passport ထဲ​က အ​မည်​နဲ့ အ​တိ​အ​ကျ ကိုက်​ညီ​မှု ရှိ​မ​ရှိ
  • အ​ခန်း​နံ​ပါတ်၊ အ​ထပ်​နဲ့ အ​ခန်း​အ​ကျယ်​အ​ဝန်း (sqm) က စာ​ချုပ်​ထဲ​က အ​ချက်​အ​လက်​တွေ​အ​တိုင်း မှန်​ကန်​မှု ရှိ​မ​ရှိ တို့​ပဲ ဖြစ်​ပါ​တယ်။

ကျွန်​တော်​တို့ Realtor YAYA အ​ဖွဲ့​က အ​မည်​လွှဲ​ပြောင်း​တဲ့ ကိစ္စ​ရပ်​တွေ အား​လုံး ပြီး​စီး​သွား​တာ​နဲ့ ဒီ​စာ​ရွက်​စာ​တမ်း​တွေ​ကို သေ​ချာ​စစ်​ဆေး​ပြီး လူ​ကြီး​မင်း​လက်​ထဲ တိုက်​ရိုက် အပ်​နှံ​ပေး​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၁၈အ​မည်​လွှဲ​ပြောင်း​ပြီး​ရင် ဘာ​စာ​ရွက်​စာ​တမ်း​တွေ ရ​မ​လဲ?

Land Office မှာ အ​မည်​လွှဲ​ပြောင်း​မှု ပြီး​စီး​သွား​ပြီ​ဆို​ရင် လူ​ကြီး​မင်း လက်​ထဲ​ကို အ​ရေး​ကြီး စာ​ရွက်​စာ​တမ်း ၃ မျိုး တ​ရား​ဝင် ရောက်​ရှိ​လာ​မှာ ဖြစ်​ပါ​တယ်​ခင်​ဗျာ —

  • Title Deed (Chanote) — လူ​ကြီး​မင်း​ရဲ့ အ​မည်​ပေါက်​နဲ့ တ​ရား​ဝင် ထုတ်​ပေး​ထား​တဲ့ ကွန်​ဒို​ပိုင်​ဆိုင်​မှု မူ​ရင်း​ဂ​ရန်​စာ​ချုပ်
  • House Registration Book (Tabien Baan) — အိမ်​ပိုင်​ရှင် စာ​အုပ်​အ​ပြာ (အိမ်​ထောင်​စု​စာ​အုပ်)
  • ဝယ်​ယူ​မှု စာ​ချုပ် (SPA Contract) — Developer နဲ့ ချုပ်​ဆို​ထား​တဲ့ တ​ရား​ဝင် အ​ရောင်း​အ​ဝယ် စာ​ချုပ်​မူ​ရင်း

ကျွန်​တော်​တို့ Realtor YAYA အ​ဖွဲ့​က ဒီ​စာ​ရွက်​စာ​တမ်း​တွေ အား​လုံး​ကို စ​နစ်​တ​ကျ စု​စည်း​စစ်​ဆေး​ပြီး လူ​ကြီး​မင်း​ထံ တိုက်​ရိုက် အပ်​နှံ​ပေး​ပါ​တယ်​ခင်​ဗျာ။

Project သီး​သန့် စာ​မျက်​နှာ​များ

အ​ထွေ​ထွေ အ​ချက်​တွေ​ကို သိ​ပြီး​ရင်၊ စိတ်​ဝင်​စား​တဲ့ Project ရဲ့ အ​သေး​စိတ်​ကို သီး​သန့် စာ​မျက်​နှာ​မှာ ဆက်​ဖတ်​နိုင်​ပါ​တယ်​ခင်​ဗျာ။

Reach Sukhumvit 107 အဆောက်အအုံ ဓာတ်ပုံ

Reach Sukhumvit 107

BTS Bearing အ​နီး၊ Sukhumvit 107 — ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်၊ Facility နဲ့ Pet မူ​ဝါ​ဒ အ​ပါ​အ​ဝင် မေး​ခွန်း ၁၅ ခု အ​ပြည့်​အ​စုံ။

Q&A ဖွင့်​ဖတ်​ရန်
ARLO Sukhumvit 105 အဆောက်အအုံ ဓာတ်ပုံ

ARLO Sukhumvit 105

Pet-Friendly ရွေး​ချယ်​စ​ရာ — Pet မူ​ဝါ​ဒ၊ အ​ခန်း​အ​မျိုး​အ​စား​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Aspire Sukhumvit 103 အဆောက်အအုံ ဓာတ်ပုံ

Aspire Sukhumvit 103

Pet-Friendly ရွေး​ချယ်​စ​ရာ — Pet မူ​ဝါ​ဒ၊ အ​ခန်း​အ​မျိုး​အ​စား​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Supalai Parc Ekkamai-Pattanakarn ရေကူးကန် ဓာတ်ပုံ

Supalai Parc Ekkamai-Pattanakarn

High-rise · Tower A အ​ထပ် ၃၀ / Tower B အ​ထပ် ၂၇ · အ​ခန်း​ပေါင်း ၁,၁၆၀ · Freehold · Ready to Move In — Studio မှ ~၂,၅၈၂,၀၀၀ ဘတ်။

Q&A ဖွင့်​ဖတ်​ရန်
Good Day Sukhumvit 93 အဆောက်အအုံ ဓာတ်ပုံ

Good Day Sukhumvit 93

Soi Sukhumvit 93, Bang Chak — ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Sena Kith Samrong Interchange အဆောက်အအုံ ဓာတ်ပုံ

Sena Kith Samrong Interchange

BTS / MRT Samrong Interchange အ​နီး — ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Life Udomsuk Station အဆောက်အအုံ ဓာတ်ပုံ

Life Udomsuk Station

ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Life Sukhumvit Rama 4 အဆောက်အအုံ ဓာတ်ပုံ

Life Sukhumvit Rama 4

ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Ideo Sukhumvit-Rama 4 Gym ဓာတ်ပုံ

Ideo Sukhumvit-Rama 4

ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Ideo Ramkhamhaeng-Lamsali အဆောက်အအုံ ဓာတ်ပုံ

Ideo Ramkhamhaeng-Lamsali

ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Good Day Sukhumvit 101 အဆောက်အအုံ ဓာတ်ပုံ

Good Day Sukhumvit 101

ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Aspire Sukhumvit-Rama 4 အဆောက်အအုံ ဓာတ်ပုံ

Aspire Sukhumvit-Rama 4

ဈေး​နှုန်း၊ Payment Plan၊ အ​ခန်း​အ​ကျယ်​နဲ့ အ​သေး​စိတ်​ကို သီး​သန့် Q&A စာ​မျက်​နှာ​မှာ အ​ပြည့်​အ​စုံ ဖတ်​နိုင်​ပါ​တယ်။

Q&A ဖွင့်​ဖတ်​ရန်
Supalai City Resort Sukhumvit 107 အဆောက်အအုံ ဓာတ်ပုံ

Supalai City Resort Sukhumvit 107

8 ထပ် Low-rise · အ​ဆောက်​အ​အုံ ၅ လုံး · အ​ခန်း ၈၅၁ · Freehold · Ready to Move In — Studio မှ ~၂,၂၇၀,၀၀၀ ဘတ်။

Q&A ဖွင့်​ဖတ်​ရန်
Aspire Sukhumvit–On Nut Sky River ရေကူးကန်နှင့် အဆောက်အအုံ ဓာတ်ပုံ

Aspire Sukhumvit–On Nut

BTS On Nut မှ ၂၀၀ မီ​တာ · အ​ထပ် ၃၇ · အ​ခန်း ၆၉၆ — 1 Bed ၂၇ sqm မှ ၃,၇၀၀,၀၀၀ ဘတ်။

Q&A ဖွင့်​ဖတ်​ရန်
သီး​သန့် စာ​မျက်​နှာ မ​ကြာ​မီ

RYE Huamak

Huamak — သီး​သန့် စာ​မျက်​နှာ​ကို နောက်​ထပ် လုပ်​ပေး​သွား​ပါ​မယ်။ လော​လော​ဆယ် အ​သေး​စိတ်​ကို Chat Box မှာ မေး​မြန်း​နိုင်​ပါ​တယ်။

Chat Box မှာ မေး​ရန်

“သေ​ချာ​တိုင်​ပင်​ဆွေး​နွေး​ပြီး​မှ အ​သင့်​တော်​ဆုံး အ​ခန်း​ကို​ပဲ ရွေး​ချယ်​ပေး​ပါ​မယ်” — ဒီ​စာ​မျက်​နှာ​မှာ မ​ပါ​ဝင်​သေး​တဲ့ သိ​လို​ရာ မေး​ခွန်း​လေး​တွေ ရှိ​ရင်​ပဲ​ဖြစ်​ဖြစ်၊ ကိုယ်​တိုင်​နေ​ထိုင်​ဖို့​အ​တွက်​ရော ရင်း​နှီး​မြှုပ်​နှံ​ပြီး ပြန်​လည်​ငှား​ရမ်း​ဖို့​အ​တွက်​ပါ ဘယ်​အ​ခန်း​အ​မျိုး​အ​စား​နဲ့ အ​ကိုက်​ညီ​ဆုံး​ဖြစ်​မ​လဲ​ဆို​တာ သိ​ချင်​ရင်​ပဲ​ဖြစ်​ဖြစ် Realtor YAYA Page Chat Box မှာ အ​ချိန်​မ​ရွေး လာ​ရောက်​တိုင်​ပင် ဆွေး​နွေး​နိုင်​ပါ​တယ်​ခင်​ဗျာ။ အ​ခန်း​ရွေး​ချယ်​တဲ့ အ​ဆင့်​က​နေ စာ​ရွက်​စာ​တမ်း ကိစ္စ​ရပ်​တွေ ပြီး​စီး​တဲ့​အ​ထိ ဘေး​က​နေ အ​စ​အ​ဆုံး အ​တူ​တ​ကွ လိုက်​ပါ​ဆောင်​ရွက်​ပေး​နေ​ပါ​တယ်။ အ​ခန်း​ကို ကိုယ်​တိုင်​ကိုယ်​ကျ လာ​ရောက်​ကြည့်​ရှု​လို​ပါ​က​လည်း Chat Box က​နေ​တစ်​ဆင့် ကြို​တင်​အ​ကြောင်း​ကြား​ပေး​နိုင်​ပြီး အ​ဆင်​ပြေ​ဆုံး​ဖြစ်​အောင် စီ​စဉ်​ပေး​ပါ​မယ်​ခင်​ဗျာ။

Chat Box တွင် ဆွေး​နွေး​ရန်
Chat Box တွင် မေး​ရန်
ကူး​ယူ​ပြီး​ပါ​ပြီ​