Realtor YAYA
Future Move Properties

Reach Sukhumvit 107
မေး​ခွန်း​နှင့် အ​ဖြေ​များ

ဘန်​ကောက်​မှာ ဘတ်​ဂျက် သက်​သက်​သာ​သာ​နဲ့ ကိုယ်​ပိုင် ကွန်​ဒို​အ​သစ်​တစ်​ခန်း ပိုင်​ဆိုင်​ချင်​သူ​တွေ​အ​တွက် အ​ရမ်း​တန်​တဲ့ Project တစ်​ခု​ပါ​ခင်​ဗျာ။ ဈေး​နှုန်း၊ အ​တိုး ၀% အ​ရစ်​ကျ ပေး​ချေ​မှု အ​စီ​အ​စဉ်၊ BTS Bearing နဲ့ အ​ကွာ​အ​ဝေး၊ အ​နီး​အ​နား​က ကျောင်း​နဲ့ ဈေး​ဝယ်​စင်​တာ အ​ချက်​အ​လက်​တွေ​ကို လူ​ကြီး​မင်း​တို့ အ​လွယ်​တ​ကူ ဖတ်​ရှု​နိုင်​အောင် စု​စည်း​ပေး​ထား​ပါ​တယ်။

ဘတ် ၁.၃၅ သန်း မှ စ​တင်​သည်ကျပ် သိန်း ၁,၉၀၀ ဝန်း​ကျင် (ငွေ​လဲ​နှုန်း ၁၄၀ ဖြင့် တွက်​ချက်​မှု)
၈ ထပ် Low-riseကွန်​ဒို​အ​သစ် · Foreign Quota Freehold
BTS Bearing — ၁.၄ ကီ​လို​မီ​တာကွန်​ဒို Shuttle Bus ဝန်​ဆောင်​မှု ရှိ​ပါ​သည်
မေး​ခွန်း ၁၅ ခု

ဈေး​နှုန်း နှင့် ငွေ​ပေး​ချေ​မှု

မေး​ခွန်း ၁ဈေး​နှုန်း ဘယ်​လောက်​မှ စ​တင်​ပါ​သ​လဲ?

ဘတ် ၁.၃၅ သန်း က​နေ စ​တင်​ပါ​တယ်​ခင်​ဗျာ။

မြန်​မာ​ကျပ်​ငွေ ပေါက်​ဈေး ၁၄၀ ဝန်း​ကျင်​နဲ့ တွက်​ကြည့်​မယ်​ဆို​ရင် ကျပ် သိန်း ၁,၉၀၀ ဝန်း​ကျင် လောက်​ပဲ ကျ​သင့်​မှာ​ဖြစ်​ပြီး၊ နေ့​စဉ် ငွေ​လဲ​နှုန်း အ​တက်​အ​ကျ​ပေါ် မူ​တည်​ပြီး အ​နည်း​ငယ် ကွာ​ခြား​နိုင်​ပါ​တယ်။

မေး​ခွန်း ၂ငွေ​ပေး​ချေ​မှု စ​နစ်​က ဘယ်​လို​ရှိ​ပါ​သ​လဲ?

ပ​ထ​မ​အ​ရစ် ၅၀% ကို အ​ခု​လို အ​ဆင့်​ဆင့် ပေး​သွင်း​နိုင်​ပါ​တယ်​ခင်​ဗျာ-

  • ပ​ထ​မ ၁ လ​အ​တွင်း (၂၅% - ၃၀%): အ​ခန်း​ဦး​ခ Booking Fee ဘတ် ၅၀,၀၀၀ နဲ့ ၂၅% - ၃၀% ပြည့်​ဖို့ ကျန်​ငွေ​ကို ၁ လ​အ​တွင်း ပေး​သွင်း​ရ​ပါ​မယ်။
  • ကျန်​ရှိ​တဲ့ (၂၀% - ၂၅%): ၅ လ မှ ၆ လ​အ​ထိ အ​ချိန်​ယူ​ပြီး အေး​အေး​ဆေး​ဆေး ဆက်​လက်​ပေး​သွင်း​နိုင်​ပါ​တယ်။

စု​စု​ပေါင်း ပ​ထ​မ ၅၀% ပြည့်​တာ​နဲ့ အ​ခန်း​ထဲ​မှာ ချက်​ချင်း တက်​ရောက်​နေ​ထိုင်​လို့ ရ​ပါ​ပြီ ခင်​ဗျာ။

ကျန်​ရှိ​တဲ့ ၅၀% ကို​တော့ ၁၈ လ​အ​တွင်း အ​တိုး ၀% နဲ့ ၉ လ​လျှင် တစ်​ကြိမ်​စီ (စု​စု​ပေါင်း ၂ ကြိမ်) ခွဲ​ပြီး ပေး​သွင်း​ရ​မှာ ဖြစ်​လို့ ငွေ​ကြေး​စီ​မံ​ရ​တာ အ​ရမ်း အ​ဆင်​ပြေ​ပါ​တယ်​ခင်​ဗျာ။

ဒီ Project က လက်​ငင်း​ငွေ​ချေ​တာ​ပဲ​ဖြစ်​ဖြစ်၊ အ​ရစ်​ကျ​စ​နစ်​နဲ့​ပဲ​ဖြစ်​ဖြစ် ဈေး​နှုန်း အ​တူ​တူ​ပါ​ပဲ​ခင်​ဗျာ။ အ​ရစ်​ကျ​စ​နစ်​အ​တွက်​လည်း အ​တိုး​နှုန်း လုံး​ဝ (0% Interest) ပေး​စ​ရာ မ​လို​ပါ​ဘူး​ခင်​ဗျာ။

မေး​ခွန်း ၃အ​ခန်း​တန်​ဖိုး​အ​ပြင် အ​ခြား မည်​သည့်​ကုန်​ကျ​စ​ရိတ်​များ ထပ်​မံ​ပေး​ဆောင်​ရ​ပါ​သ​လဲ? Swimming Pool, Gym အ​သုံး​ပြု​ခ​တွေ​က သီး​သန့် ထပ်​ပေး​ရ​နိုင်​လား?

အ​ခန်း​လွှဲ​ပြောင်း​ချိန်​မှာ တစ်​ကြိမ်​တည်း ပေး​ဆောင်​ရ​မယ့် အ​ပို​ကုန်​ကျ​စ​ရိတ်​တွေ အား​လုံး​ပေါင်း​မှ ဘတ် ၅၀,၀၀၀ ဝန်း​ကျင် လောက်​ပဲ ရှိ​ပါ​တယ်​ခင်​ဗျာ။ အဲ​ဒီ​အ​ထဲ​မှာ Transfer Fee (အ​မည်​ပြောင်း အ​ခွန် ၂%)၊ Sinking Fund (အ​ဆောက်​အ​အုံ အ​ရေး​ပေါ်​ရန်​ပုံ​ငွေ) နဲ့ Maintenance Fee (ဘုံ​ထိန်း​သိမ်း​ခ) တွေ အ​ကုန် ပါ​ဝင်​ပါ​တယ်။

အ​ခန်း​ပိုင်​ရှင် ဖြစ်​ပြီး​နောက်​ပိုင်း ပုံ​မှန် ဆက်​ပေး​နေ​ရ​မယ့် Maintenance Fee က​တော့ ၁ sqm ကို တစ်​လ ၂၅ ဘတ် နှုန်း​ဖြစ်​ပြီး ၄ လ​တစ်​ကြိမ် စု​ပေါင်း​ကောက်​ခံ​ပါ​တယ်။

ရေ​ကူး​ကန် (Swimming Pool)၊ အား​က​စား​ခန်း​မ (Gym / Fitness)၊ ၂၄ နာ​ရီ လုံ​ခြုံ​ရေး​နဲ့ ကား​ပါ​ကင် အ​သုံး​ပြု​ခ​တွေ အား​လုံး​က အဲ​ဒီ Maintenance Fee ထဲ​မှာ ပါ​ပြီး​သား​ဖြစ်​လို့ သုံး​တိုင်း သီး​သန့် ထပ်​ပေး​စ​ရာ လုံး​ဝ မ​လို​ပါ​ဘူးခင်​ဗျာ။

မေး​ခွန်း ၄ငွေ​လွှဲ​ခြင်း​နှင့် FET (Foreign Exchange Transaction) ကို မည်​သို့ ဆောင်​ရွက်​ရ​ပါ​သ​လဲ?

ကွန်​ဒို​ဝယ်​ယူ​ရာ​မှာ ငွေ​ပေး​ချေ​မှု​ကို လူ​ကြီး​မင်း အ​ဆင်​ပြေ​မယ့် နည်း​လမ်း ၂ မျိုး ထဲ​က ရွေး​ချယ်​နိုင်​ပါ​တယ်​ခင်​ဗျာ —

နည်း​လမ်း ၁ နိုင်​ငံ​ခြား​ဘဏ်​အ​ကောင့်​မှ တိုက်​ရိုက်​ငွေ​လွှဲ​ခြင်း

လူ​ကြီး​မင်း ကိုယ်​တိုင်​မှာ​ဖြစ်​ဖြစ်၊ မိ​သား​စု​ဝင် ဒါ​မှ​မ​ဟုတ် ဆွေ​မျိုး​မိတ်​ဆွေ တစ်​ယောက်​ယောက်​မှာ​ဖြစ်​ဖြစ် နိုင်​ငံ​ခြား​ဘဏ်​အ​ကောင့် ရှိ​တယ်​ဆို​ရင် အဲ​ဒီ​က​နေ တိုက်​ရိုက် လွှဲ​ပေး​လို့ ရ​ပါ​တယ်။ ဒီ​နည်း​လမ်း​က ဘဏ်​က​နေ FET အ​ထောက်​အ​ထား​ကို တစ်​ပါ​တည်း ထုတ်​ပေး​တာ​မို့ အ​ပို​ဝန်​ဆောင်​ခ ထပ်​မ​ကုန်​ဘဲ ကွန်​ဒို​တန်​ဖိုး အ​တိ​အ​ကျ​ကို​ပဲ လွှဲ​ရုံ​ပါ​ပဲ။

နည်း​လမ်း ၂ Agent သို့​မ​ဟုတ် ထိုင်း​ဘဏ်​အ​ကောင့်​မှ​တစ်​ဆင့် လွှဲ​ခြင်း

နိုင်​ငံ​ခြား​ဘဏ်​အ​ကောင့် မ​ရှိ​ဘူး​ဆို​ရင်​လည်း ငွေ​လွှဲ Agent မှ​တစ်​ဆင့်​ဖြစ်​ဖြစ်၊ ကိုယ့်​ရဲ့ ထိုင်း​ဘဏ်​အ​ကောင့်​က​နေ ဘတ်​ငွေ​နဲ့​ဖြစ်​ဖြစ် တိုက်​ရိုက် ပေး​ချေ​နိုင်​ပါ​တယ်။ ပြည်​တွင်း​က​နေ လွှဲ​တာ​ဖြစ်​လို့ FET အ​ထောက်​အ​ထား ရ​ရှိ​အောင်​တော့ သီး​သန့် Service အပ်​နှံ​ပြီး ဆောင်​ရွက်​ရ​ပါ​တယ်။

ဒီ Service အ​တွက် ဝန်​ဆောင်​ခ​က Project နဲ့ အ​ခန်း​တန်​ဖိုး​ပေါ် မူ​တည်​ပြီး ကွာ​ခြား​နိုင်​ပြီး၊ ပုံ​မှန်​အား​ဖြင့် ဘတ် ၅၀,၀၀၀–၆၀,၀၀၀ က​နေ စ​တင် ကုန်​ကျ​နိုင်​ပါ​တယ်။ ကြို​တင်​ပေး​စ​ရာ မ​လို​ပါ​ဘူး — အ​ရစ်​ကျ​နဲ့ ဝယ်​ရင် အ​ရစ်​ကျ​ကာ​လ​ပြီး​လို့ ငွေ​အ​ကြေ​ချေ​ပြီး​ချိန်၊ အ​မည်​ပြောင်း​တဲ့ အ​ဆင့်​ရောက်​မှ ပေး​ချေ​ရ​တာ​ဖြစ်​ပြီး၊ လက်​ငင်း​ဆို​ရင်​တော့ သတ်​မှတ် ကာ​လ ၂/၃/၄ လ အ​တွင်း ငွေ​အ​ပြည့်​ချေ​ရင်း​နဲ့ အ​တူ​တူ ပေး​ချေ​ရ​တာ ဖြစ်​ပါ​တယ်​ခင်​ဗျာ။

အ​ခန်း နှင့် အ​ဆောက်​အ​အုံ

မေး​ခွန်း ၅အ​ခန်း​အ​ကျယ်​အ​ဝန်း ဘယ်​လောက်​ရှိ​ပါ​သ​လဲ?

အ​ခန်း​အား​လုံး​က 1 Bedroom အ​မျိုး​အ​စား​တွေ ဖြစ်​ပြီး အ​ကျယ်​အ​ဝန်း ၅ မျိုး ထဲ​က ကိုယ်​ကြိုက်​တာ ရွေး​ချယ်​နိုင်​ပါ​တယ်​ခင်​ဗျာ —

အ​ကျယ် (sqm)စ​တု​ရန်း​ပေ (sqft)
28 sqm≈ 301 sqft
29 sqm≈ 312 sqft
30 sqm≈ 323 sqft
32 sqm≈ 344 sqft
33 sqm≈ 355 sqft
မေး​ခွန်း ၆အ​ဆောက်​အ​အုံ ပုံ​စံ​နှင့် Facility များ ဘာ​တွေ​ပါ​ဝင်​ပါ​သ​လဲ?

၈ ထပ်​ပဲ ရှိ​တဲ့ Low-rise ကွန်​ဒို​အ​မျိုး​အ​စား ဖြစ်​တာ​မို့ အ​ထပ်​မြင့် နေ​ထိုင်​ရ​မှာ​ကို စိုး​ရိမ်​တတ်​သူ​တွေ​အ​တွက် အ​ရမ်း စိတ်​အေး​ချမ်း​သာ​စွာ နေ​ထိုင်​နိုင်​ပါ​တယ်​ခင်​ဗျာ။ ပါ​ဝင်​တဲ့ Facility တွေ​က​တော့ —

  • ရေ​ကူး​ကန် (Swimming Pool)
  • အား​က​စား​ခန်း​မ (Gym / Fitness)
  • ၂၄ နာ​ရီ လုံ​ခြုံ​ရေး​စ​နစ်
  • ကား​ပါ​ကင်

အား​လုံး​ကို Maintenance Fee ထဲ​မှာ​ပဲ အ​ခ​မဲ့ အ​သုံး​ပြု​နိုင်​ပါ​တယ်။

မေး​ခွန်း ၇အ​ခန်း​တွင်း ပ​ရိ​ဘော​ဂ​များ တစ်​ပါ​တည်း ပါ​ဝင်​ပါ​သ​လား?

ဘတ် ၁.၃၅ သန်း​တန် အ​ခန်း​တွေ​မှာ​တော့ အ​ခန်း​တွင်း ပ​ရိ​ဘော​ဂ မ​ပါ​ဝင်​သေး​ပါ​ဘူးခင်​ဗျာ။

တ​ကယ်​လို့ ပ​ရိ​ဘော​ဂ အ​ပြည့်​အ​စုံ ပါ​ဝင်​ပြီး အ​သင့်​နေ​လို့​ရ​တဲ့ အ​ခန်း​မျိုး လို​ချင်​တယ်​ဆို​ရင်​လည်း ဘန်​ကောက်​ဈေး​ကွက်​မှာ ဘတ် ၂ သန်း​ဝန်း​ကျင်​က​နေ စ​တင်​တဲ့ ရွေး​ချယ်​စ​ရာ​တွေ ရှိ​ပါ​တယ်။

လူ​ကြီး​မင်း​ရဲ့ ဘတ်​ဂျက်​နဲ့ လို​ချင်​တဲ့ ပုံ​စံ​ကို ပြော​ပြ​ပေး​ရင် အ​ကိုက်​ညီ​ဆုံး အ​ခန်း​တွေ ရှာ​ပြ​ပေး​ပါ့​မယ်​ခင်​ဗျာ။

တည်​နေ​ရာ နှင့် အ​နီး​အ​နား

မေး​ခွန်း ၈ကွန်​ဒို၏ တည်​နေ​ရာ​က မည်​သည့်​နေ​ရာ​တွင် ရှိ​ပါ​သ​လဲ?

ဘန်​ကောက်​မြို့ Sukhumvit လမ်း​မ​ကြီး​ပေါ်၊ BTS အ​စိမ်း​လိုင်း​ရဲ့ BTS Bearing ဘူ​တာ​အ​နီး မှာ တည်​ရှိ​ပါ​တယ်​ခင်​ဗျာ။

BTS Bearing ဆို​တာ On Nut၊ Bang Chak နဲ့ Punnawithi ဘူ​တာ​တွေ​ကို ကျော်​ပြီး​ရောက်​တဲ့ ဘူ​တာ​ဖြစ်​ပြီး၊ အဲ​ဒီ​က​နေ မြို့​လယ်​ခေါင် Asok နဲ့ Siam ဘက်​ကို BTS တစ်​စီး​တည်း​နဲ့ တိုက်​ရိုက် သွား​လာ​နိုင်​ပါ​တယ်။

ကွန်​ဒို​နဲ့ BTS Bearing ဘူ​တာ​က ၁.၄ ကီ​လို​မီ​တာ အ​ကွာ​အ​ဝေး​မှာ ရှိ​ပြီး၊ ဘူ​တာ​ဆီ​ကို အ​ကြို​အ​ပို့ လုပ်​ပေး​တဲ့ ကွန်​ဒို Shuttle Bus ဝန်​ဆောင်​မှု​လည်း ရှိ​တာ​မို့ သွား​လာ​ရေး အ​ရမ်း လွယ်​ကူ​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၉အ​နီး​အ​နား​တွင် မည်​သည့်​ကျောင်း​များ ရှိ​ပါ​သ​လဲ?

Bangna – Bearing – Samrong ဧ​ရိ​ယာ​တစ်​ဝိုက်​မှာ နာ​မည်​ကြီး ကျောင်း​တွေ အ​များ​ကြီး ရှိ​ပါ​တယ်​ခင်​ဗျာ —

  • St. Andrews International School — Sukhumvit 107 လမ်း​ထိပ်​မှာ​ပဲ ရှိ​တာ​မို့ ဒီ​ကွန်​ဒို​နဲ့ အ​နီး​ဆုံး​ကျောင်း​ပါ
  • Bangkok Patana School — Sukhumvit 105 (La Salle လမ်း) မှာ ရှိ​ပါ​တယ်
  • Berkeley International School — Bangna ဧ​ရိ​ယာ၊ Debaratna လမ်း​ပေါ်​မှာ ရှိ​ပါ​တယ်
  • Thai-Singapore International School (TSIS) — Samrong Nuea၊ Srinakarin လမ်း​ပေါ်​မှာ ရှိ​ပါ​တယ်
  • St. Joseph Bangna School နဲ့ La Salle School — Sukhumvit 105 (Soi Lasalle) လမ်း​ပေါ်​မှာ ရှိ​ပါ​တယ်

က​လေး​ကျောင်း​ထား​ဖို့ စီ​စဉ်​နေ​တဲ့ မိ​သား​စု​တွေ​အ​တွက် အ​ရမ်း အ​ဆင်​ပြေ​တဲ့ နေ​ရာ​ကောင်း​ပါ​ခင်​ဗျာ။

မေး​ခွန်း ၁၀ဈေး​နှင့် Shopping Mall များ အ​နီး​အ​နား​တွင် ရှိ​ပါ​သ​လား?

နေ့​စဉ် စား​သောက်​နေ​ထိုင်​ရေး​အ​တွက် အ​ရမ်း လွယ်​ကူ​အ​ဆင်​ပြေ​ပါ​တယ်​ခင်​ဗျာ —

  • 7-Eleven — လမ်း​လျှောက်​ရင် ၂ မိ​နစ်​လောက်​ပဲ ဝေး​ပါ​တယ်
  • ဈေး (Wet Market) — လမ်း​လျှောက်​ရင် ၇ မိ​နစ်​လောက်​ပဲ ဝေး​ပါ​တယ်
  • Shopping Mall များ — Imperial World Samrong၊ Central Bangna၊ Mega Bangna နဲ့ Samrong ဈေး​တို့ အ​နီး​အ​နား​မှာ ရှိ​သ​လို၊ အ​နာ​ဂတ်​မှာ ဖွင့်​လှစ်​မယ့် Bangkok Mall ကြီး​လည်း ဆောက်​လုပ်​နေ​ဆဲ ဖြစ်​ပါ​တယ်

ဝယ်​ယူ​မှု နှင့် ဝန်​ဆောင်​မှု

မေး​ခွန်း ၁၁နိုင်​ငံ​ခြား​သား​အ​နေ​ဖြင့် မိ​မိ​အ​မည်​ပေါက် ဝယ်​ယူ​ပိုင်​ဆိုင်​နိုင်​ပါ​သ​လား?

ဟုတ်​ကဲ့၊ တ​ရား​ဝင် ဝယ်​ယူ​ပိုင်​ဆိုင်​နိုင်​ပါ​တယ်​ခင်​ဗျာ။

ကွန်​ဒို​အ​သစ် ဖြစ်​တာ​ကြောင့် Foreign Quota Freehold နဲ့ လူ​ကြီး​မင်း​ရဲ့ အ​မည်​ပေါက် First-owner Title Deed ကို ရ​ရှိ​မှာ​ဖြစ်​ပြီး တစ်​သက်​တာ ပိုင်​ဆိုင်​ခွင့်​အ​ပြင် သား​သ​မီး​မြေး​မြစ်​တွေ​ဆီ​ကို​ပါ တ​ရား​ဝင် အ​မွေ​လွှဲ​ပြောင်း ပေး​အပ်​နိုင်​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၁၂ဝယ်​ယူ​ပြီး ပြန်​လည်​ငှား​ရမ်း​ထား​နိုင်​ပါ​သ​လား? ငှား​ခ ဘယ်​လောက်​ရ​နိုင်​ပါ​သ​လဲ?

ပြန်​လည်​ငှား​ရမ်း​ထား​လို့ ရ​ပါ​တယ်​ခင်​ဗျာ။ ကိုယ်​တိုင် မ​နေ​ဖြစ်​သေး​တဲ့ အ​ချိန်​မှာ အ​ငှား​ချ​ထား​ပြီး လ​စဉ် ဝင်​ငွေ တစ်​ခု ရ​ယူ​နိုင်​ပါ​တယ်။

အ​ခန်း​တွင်း ပြင်​ဆင်​မှု၊ အ​ထပ်​နဲ့ မျက်​နှာ​မူ​ရာ​အ​ရပ်​ပေါ် မူ​တည်​ပြီး တစ်​လ​ကို ဘတ် ၉,၀၀၀ – ၁၂,၀၀၀ ဝန်း​ကျင် လောက်​အ​ထိ ရ​ရှိ​နိုင်​ပါ​တယ်။

(ဒီ​နှုန်း​ထား​က လက်​ရှိ​ဈေး​ကွက်​ပေါ် အ​ခြေ​ခံ​ပြီး ခန့်​မှန်း​တွက်​ပြ​ထား​တာ ဖြစ်​ပါ​တယ်​ခင်​ဗျာ။)

မေး​ခွန်း ၁၃အိမ်​ငှား ရှာ​ဖွေ​ပေး​သည့် ဝန်​ဆောင်​မှု ရှိ​ပါ​သ​လား?

ရှိ​ပါ​တယ်​ခင်​ဗျာ။ ကျွန်​တော်​တို့​ဆီ​က​နေ ဝယ်​ယူ​သူ​တွေ​အ​တွက် အ​ငှား​ဝန်​ဆောင်​မှု ပုံ​စံ ၂ မျိုး စီ​စဉ်​ပေး​ထား​ပါ​တယ် —

အ​ခ​မဲ့ ဝန်​ဆောင်​မှု အိမ်​ငှား​ရှာ​ဖွေ​ပေး​ခြင်း + အ​ငှား​စာ​ချုပ် ချုပ်​ဆို​ပေး​ခြင်း

အိမ်​ငှား​ရှာ​ပေး​တာ​နဲ့ စာ​ချုပ်​ချုပ်​ပေး​တာ​ကို ဝန်​ဆောင်​ခ လုံး​ဝ မ​ယူ​ဘဲ အ​ခ​မဲ့ ကူ​ညီ​ပေး​ပါ​တယ်။ (လ​စဉ် စီ​မံ​ခန့်​ခွဲ​မှု​တော့ မ​ပါ​ဝင်​ပါ​ဘူး​ခင်​ဗျာ။)

၁ လ​စာ ဝန်​ဆောင်​ခ အိမ်​ငှား​ရှာ​ဖွေ​ပေး​ခြင်း + ၁ နှစ်​တာ စီ​မံ​ခန့်​ခွဲ​မှု

အိမ်​ငှား​ရှာ​ပေး​ခ တစ်​လ​စာ​နဲ့ အိမ်​ငှား​ရှာ​ပေး​တဲ့​အ​ပြင် ၁ နှစ်​ပတ်​လုံး လ​စဉ် ငှား​ခ ကောက်​ခံ​ပေး​တာ​နဲ့ အ​ခန်း​တွင်း ပြု​ပြင်​ထိန်း​သိမ်း​မှု ကိစ္စ​တွေ​ကို​ပါ ကြား​ခံ ညှိ​နှိုင်း စီ​မံ​ပေး​ပါ​တယ်။

ဒါ့​အ​ပြင် အိမ်​ငှား မြန်​မြန်​ရ​အောင် အ​ခန်း​တွင်း ပြင်​ဆင်​မှု (Decoration) အ​ပိုင်း​ကို​လည်း သေ​ချာ အ​ကြံ​ပြု စီ​စဉ်​ပေး​ပါ​တယ်​ခင်​ဗျာ။

မေး​ခွန်း ၁၄ခွေး​နှင့် အိမ်​မွေး​တိ​ရစ္ဆာန်​များ မွေး​မြူ​ခွင့် ရှိ​ပါ​သ​လား?

Reach Sukhumvit 107 က Pet-Friendly မ​ဟုတ်​ပါ​ဘူးခင်​ဗျာ — ခွေး၊ ကြောင် အ​ပါ​အ​ဝင် အိမ်​မွေး​တိ​ရစ္ဆာန် မွေး​မြူ​ခွင့် မ​ရှိ​ပါ​ဘူး။

တ​ကယ်​လို့ အ​ချစ်​တော်​လေး​တွေ​နဲ့ အ​တူ​နေ​ချင်​တယ်​ဆို​ရင် အ​နီး​အ​နား​မှာ ရွေး​ချယ်​စ​ရာ Pet-Friendly ကွန်​ဒို ၂ ခု ရှိ​ပါ​တယ် —

ARLO Sukhumvit 105Sukhumvit 105 · Pet-Friendly ရွေး​ချယ်​စ​ရာ ၁ အ​သင့်​နေ​ထိုင်​နိုင်

ဆောက်​လုပ်​ပြီး​စီး​ပြီး​သား Ready to Move In ဖြစ်​ပြီး အ​ဆောက်​အ​အုံ ၄ ဆောင်​လုံး Pet မွေး​ခွင့် ရှိ​ပါ​တယ်။ ချက်​ချင်း ပြောင်း​နေ​ချင်​သူ​တွေ​အ​တွက် အ​ကိုက်​ညီ​ဆုံး​ပါ။

Aspire Sukhumvit 103Sukhumvit 103 · Pet-Friendly ရွေး​ချယ်​စ​ရာ ၂ Off-plan · Q3 2027

Off-plan စီ​မံ​ကိန်း​ဖြစ်​ပြီး ၂၀၂၇ Q3 မှာ ပြီး​စီး​ပါ​မယ်။ အ​ဆောက်​အ​အုံ ၆ ဆောင်​ထဲ​က ၂ ဆောင်မှာ Pet မွေး​ခွင့် ရှိ​တာ​မို့ အ​ချိန်​ယူ စောင့်​ဆိုင်း​နိုင်​သူ​တွေ​အ​တွက် သင့်​တော်​ပါ​တယ်။

မေး​ခွန်း ၁၅အ​ခန်း​လွှဲ​ပြောင်း​အပ်​နှံ​သည့်​အ​ခါ မည်​သို့ စစ်​ဆေး​ဆောင်​ရွက်​ပေး​ပါ​သ​လဲ?

လူ​ကြီး​မင်း​တို့ ကြည့်​ခဲ့​တဲ့​အ​တိုင်း တိုက်​ရိုက် လက်​ခံ​ရ​တာ မ​ဟုတ်​ပါ​ဘူးခင်​ဗျာ။

အ​ရင်​ဆုံး Third Party ကျွမ်း​ကျင်​ပ​ညာ​ရှင်​အ​ဖွဲ့ က အ​ခန်း​တွင်း Room Inspection ကို အ​သေး​စိတ် စစ်​ဆေး​ပေး​ပြီး တွေ့​ရှိ​သ​မျှ ချို့​ယွင်း​ချက် (Defect) တွေ​ကို Developer ဘက်​က အ​ပြီး​အ​စီး ပြန်​ပြင်​ပေး​ပြီး​မှ​သာ အပ်​နှံ​တာ ဖြစ်​ပါ​တယ်။

ဒါ​ကြောင့် လက်​ခံ​ရ​ရှိ​မယ့် အ​ခန်း​က မူ​လ​ကြည့်​ခဲ့​တုန်း​က​ထက်​တောင် ပို​သပ်​ရပ်​ကောင်း​မွန်​နေ​မှာ​ပါ​ခင်​ဗျာ။

“တိုင်​ပင်​ပြီး​မှ၊ သင့်​တော်​တဲ့ အ​ခန်း​ပဲ ရောင်း​မယ်”

ဒီ​စာ​မျက်​နှာ​မှာ မ​ပါ​ဝင်​သေး​တဲ့ မေး​ခွန်း​တွေ ရှိ​ရင်​ပဲ​ဖြစ်​ဖြစ်၊ ကိုယ်​တိုင်​နေ​ဖို့ ဒါ​မှ​မ​ဟုတ် ပြန်​ငှား​စား​ဖို့ ဘယ်​အ​ခန်း​နဲ့ အ​သင့်​တော်​ဆုံး​ဖြစ်​မ​လဲ​ဆို​တာ သိ​ချင်​ရင်​ပဲ​ဖြစ်​ဖြစ် Realtor YAYA Page Chat Box မှာ အ​ချိန်​မ​ရွေး လာ​ရောက် ဆွေး​နွေး​နိုင်​ပါ​တယ်​ခင်​ဗျာ။ အ​ခန်း​ရွေး​ချယ်​ခြင်း​က​စ​လို့ စာ​ရွက်​စာ​တမ်း ကိစ္စ​အ​ဝ​ဝ​အ​ထိ ဘေး​က​နေ အ​တူ​တ​ကွ လိုက်​ပါ​ဆောင်​ရွက်​ပေး​နေ​ပါ​တယ်။

အ​ခန်း​ကို ကိုယ်​တိုင် လာ​ရောက်​ကြည့်​ရှု​လို​ပါ​က​လည်း Chat Box က​နေ ကြို​တင်​အ​ကြောင်း​ကြား​ပေး​ပါ​နော် — အ​ဆင်​ပြေ​ဆုံး​ဖြစ်​အောင် စီ​စဉ်​ပေး​ပါ​မယ်​ခင်​ဗျာ။

Chat Box တွင် ဆွေး​နွေး​ရန်
Chat Box တွင် မေး​ရန်