ဈေးနှုန်း နှင့် ငွေပေးချေမှု
မေးခွန်း ၁ဈေးနှုန်း ဘယ်လောက်မှ စတင်ပါသလဲ?
ဘတ် ၁.၃၅ သန်း ကနေ စတင်ပါတယ်ခင်ဗျာ။
မြန်မာကျပ်ငွေ ပေါက်ဈေး ၁၄၀ ဝန်းကျင်နဲ့ တွက်ကြည့်မယ်ဆိုရင် ကျပ် သိန်း ၁,၉၀၀ ဝန်းကျင် လောက်ပဲ ကျသင့်မှာဖြစ်ပြီး၊ နေ့စဉ် ငွေလဲနှုန်း အတက်အကျပေါ် မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။
မေးခွန်း ၂ငွေပေးချေမှု စနစ်က ဘယ်လိုရှိပါသလဲ?
ပထမအရစ် ၅၀% ကို ၅ လ မှ ၆ လအထိ အချိန်ယူပြီး အေးအေးဆေးဆေး ပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
အဲဒီ ပထမ ၅၀% ပေးသွင်းပြီးတာနဲ့ အခန်းထဲမှာ ချက်ချင်း တက်ရောက်နေထိုင်လို့ ရပါပြီ။
ကျန်ရှိတဲ့ ၅၀% ကိုတော့ ၁၈ လ အတွင်း အတိုး ၀% နဲ့ ၉ လလျှင် တစ်ကြိမ်စီ (စုစုပေါင်း ၂ ကြိမ်) ခွဲပြီး ပေးသွင်းရမှာ ဖြစ်လို့ ငွေကြေးစီမံရတာ အရမ်း အဆင်ပြေပါတယ်ခင်ဗျာ။
မေးခွန်း ၃အခန်းတန်ဖိုးအပြင် အခြား မည်သည့်ကုန်ကျစရိတ်များ ထပ်မံပေးဆောင်ရပါသလဲ? Swimming Pool, Gym အသုံးပြုခတွေက သီးသန့် ထပ်ပေးရနိုင်လား?
အခန်းလွှဲပြောင်းချိန်မှာ တစ်ကြိမ်တည်း ပေးဆောင်ရမယ့် အပိုကုန်ကျစရိတ်တွေ အားလုံးပေါင်းမှ ဘတ် ၅၀,၀၀၀ ဝန်းကျင် လောက်ပဲ ရှိပါတယ်ခင်ဗျာ။ အဲဒီအထဲမှာ Transfer Fee (အမည်ပြောင်း အခွန် ၂%)၊ Sinking Fund (အဆောက်အအုံ အရေးပေါ်ရန်ပုံငွေ) နဲ့ Maintenance Fee (ဘုံထိန်းသိမ်းခ) တွေ အကုန် ပါဝင်ပါတယ်။
အခန်းပိုင်ရှင် ဖြစ်ပြီးနောက်ပိုင်း ပုံမှန် ဆက်ပေးနေရမယ့် Maintenance Fee ကတော့ ၁ sqm ကို တစ်လ ၂၅ ဘတ် နှုန်းဖြစ်ပြီး ၄ လတစ်ကြိမ် စုပေါင်းကောက်ခံပါတယ်။
ရေကူးကန် (Swimming Pool)၊ အားကစားခန်းမ (Gym / Fitness)၊ ၂၄ နာရီ လုံခြုံရေးနဲ့ ကားပါကင် အသုံးပြုခတွေ အားလုံးက အဲဒီ Maintenance Fee ထဲမှာ ပါပြီးသားဖြစ်လို့ သုံးတိုင်း သီးသန့် ထပ်ပေးစရာ လုံးဝ မလိုပါဘူးခင်ဗျာ။
မေးခွန်း ၄ငွေလွှဲခြင်းနှင့် FET (Foreign Exchange Transaction) ကို မည်သို့ ဆောင်ရွက်ရပါသလဲ?
ကွန်ဒိုဝယ်ယူရာမှာ ငွေပေးချေမှုကို လူကြီးမင်း အဆင်ပြေမယ့် နည်းလမ်း ၂ မျိုး ထဲက ရွေးချယ်နိုင်ပါတယ်ခင်ဗျာ —
နည်းလမ်း ၁ နိုင်ငံခြားဘဏ်အကောင့်မှ တိုက်ရိုက်ငွေလွှဲခြင်း
လူကြီးမင်း ကိုယ်တိုင်မှာဖြစ်ဖြစ်၊ မိသားစုဝင် ဒါမှမဟုတ် ဆွေမျိုးမိတ်ဆွေ တစ်ယောက်ယောက်မှာဖြစ်ဖြစ် နိုင်ငံခြားဘဏ်အကောင့် ရှိတယ်ဆိုရင် အဲဒီကနေ တိုက်ရိုက် လွှဲပေးလို့ ရပါတယ်။ ဒီနည်းလမ်းက ဘဏ်ကနေ FET အထောက်အထားကို တစ်ပါတည်း ထုတ်ပေးတာမို့ အပိုဝန်ဆောင်ခ ထပ်မကုန်ဘဲ ကွန်ဒိုတန်ဖိုး အတိအကျကိုပဲ လွှဲရုံပါပဲ။
နည်းလမ်း ၂ Agent သို့မဟုတ် ထိုင်းဘဏ်အကောင့်မှတစ်ဆင့် လွှဲခြင်း
နိုင်ငံခြားဘဏ်အကောင့် မရှိဘူးဆိုရင်လည်း ငွေလွှဲ Agent မှတစ်ဆင့်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထိုင်းဘဏ်အကောင့်ကနေ ဘတ်ငွေနဲ့ဖြစ်ဖြစ် တိုက်ရိုက် ပေးချေနိုင်ပါတယ်။ ပြည်တွင်းကနေ လွှဲတာဖြစ်လို့ FET အထောက်အထား ရရှိအောင်တော့ သီးသန့် Service အပ်နှံပြီး ဆောင်ရွက်ရပါတယ်။
ဒီ Service အတွက် ဝန်ဆောင်ခက ဘတ် ၅၀,၀၀၀ – ၆၀,၀၀၀ ဝန်းကျင် ရှိပြီး ကြိုတင်ပေးစရာ မလိုဘဲ ကွန်ဒိုတန်ဖိုး အကြေပေးချေပြီးချိန်၊ အမည်ပြောင်းတဲ့ အဆင့်ရောက်မှသာ ပေးသွင်းရမှာ ဖြစ်ပါတယ်ခင်ဗျာ။
အခန်း နှင့် အဆောက်အအုံ
မေးခွန်း ၅အခန်းအကျယ်အဝန်း ဘယ်လောက်ရှိပါသလဲ?
အခန်းအားလုံးက 1 Bedroom အမျိုးအစားတွေ ဖြစ်ပြီး အကျယ်အဝန်း ၅ မျိုး ထဲက ကိုယ်ကြိုက်တာ ရွေးချယ်နိုင်ပါတယ်ခင်ဗျာ —
| အကျယ် (sqm) | စတုရန်းပေ (sqft) |
|---|---|
| 28 sqm | ≈ 301 sqft |
| 29 sqm | ≈ 312 sqft |
| 30 sqm | ≈ 323 sqft |
| 32 sqm | ≈ 344 sqft |
| 33 sqm | ≈ 355 sqft |
မေးခွန်း ၆အဆောက်အအုံ ပုံစံနှင့် Facility များ ဘာတွေပါဝင်ပါသလဲ?
၈ ထပ်ပဲ ရှိတဲ့ Low-rise ကွန်ဒိုအမျိုးအစား ဖြစ်တာမို့ အထပ်မြင့် နေထိုင်ရမှာကို စိုးရိမ်တတ်သူတွေအတွက် အရမ်း စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပါတယ်ခင်ဗျာ။ ပါဝင်တဲ့ Facility တွေကတော့ —
- ရေကူးကန် (Swimming Pool)
- အားကစားခန်းမ (Gym / Fitness)
- ၂၄ နာရီ လုံခြုံရေးစနစ်
- ကားပါကင်
အားလုံးကို Maintenance Fee ထဲမှာပဲ အခမဲ့ အသုံးပြုနိုင်ပါတယ်။
မေးခွန်း ၇အခန်းတွင်း ပရိဘောဂများ တစ်ပါတည်း ပါဝင်ပါသလား?
ဘတ် ၁.၃၅ သန်းတန် အခန်းတွေမှာတော့ အခန်းတွင်း ပရိဘောဂ မပါဝင်သေးပါဘူးခင်ဗျာ။
တကယ်လို့ ပရိဘောဂ အပြည့်အစုံ ပါဝင်ပြီး အသင့်နေလို့ရတဲ့ အခန်းမျိုး လိုချင်တယ်ဆိုရင်လည်း ဘန်ကောက်ဈေးကွက်မှာ ဘတ် ၂ သန်းဝန်းကျင်ကနေ စတင်တဲ့ ရွေးချယ်စရာတွေ ရှိပါတယ်။
လူကြီးမင်းရဲ့ ဘတ်ဂျက်နဲ့ လိုချင်တဲ့ ပုံစံကို ပြောပြပေးရင် အကိုက်ညီဆုံး အခန်းတွေ ရှာပြပေးပါ့မယ်ခင်ဗျာ။
တည်နေရာ နှင့် အနီးအနား
မေးခွန်း ၈ကွန်ဒို၏ တည်နေရာက မည်သည့်နေရာတွင် ရှိပါသလဲ?
ဘန်ကောက်မြို့ Sukhumvit လမ်းမကြီးပေါ်၊ BTS အစိမ်းလိုင်းရဲ့ BTS Bearing ဘူတာအနီး မှာ တည်ရှိပါတယ်ခင်ဗျာ။
BTS Bearing ဆိုတာ On Nut၊ Bang Chak နဲ့ Punnawithi ဘူတာတွေကို ကျော်ပြီးရောက်တဲ့ ဘူတာဖြစ်ပြီး၊ အဲဒီကနေ မြို့လယ်ခေါင် Asok နဲ့ Siam ဘက်ကို BTS တစ်စီးတည်းနဲ့ တိုက်ရိုက် သွားလာနိုင်ပါတယ်။
ကွန်ဒိုနဲ့ BTS Bearing ဘူတာက ၁.၄ ကီလိုမီတာ အကွာအဝေးမှာ ရှိပြီး၊ ဘူတာဆီကို အကြိုအပို့ လုပ်ပေးတဲ့ ကွန်ဒို Shuttle Bus ဝန်ဆောင်မှုလည်း ရှိတာမို့ သွားလာရေး အရမ်း လွယ်ကူပါတယ်ခင်ဗျာ။
မေးခွန်း ၉အနီးအနားတွင် မည်သည့်ကျောင်းများ ရှိပါသလဲ?
Bangna – Bearing – Samrong ဧရိယာတစ်ဝိုက်မှာ နာမည်ကြီး ကျောင်းတွေ အများကြီး ရှိပါတယ်ခင်ဗျာ —
- St. Andrews International School — Sukhumvit 107 လမ်းထိပ်မှာပဲ ရှိတာမို့ ဒီကွန်ဒိုနဲ့ အနီးဆုံးကျောင်းပါ
- Bangkok Patana School — Sukhumvit 105 (La Salle လမ်း) မှာ ရှိပါတယ်
- Berkeley International School — Bangna ဧရိယာ၊ Debaratna လမ်းပေါ်မှာ ရှိပါတယ်
- Thai-Singapore International School (TSIS) — Samrong Nuea၊ Srinakarin လမ်းပေါ်မှာ ရှိပါတယ်
- St. Joseph Bangna School နဲ့ La Salle School — Sukhumvit 105 (Soi Lasalle) လမ်းပေါ်မှာ ရှိပါတယ်
ကလေးကျောင်းထားဖို့ စီစဉ်နေတဲ့ မိသားစုတွေအတွက် အရမ်း အဆင်ပြေတဲ့ နေရာကောင်းပါခင်ဗျာ။
မေးခွန်း ၁၀ဈေးနှင့် Shopping Mall များ အနီးအနားတွင် ရှိပါသလား?
နေ့စဉ် စားသောက်နေထိုင်ရေးအတွက် အရမ်း လွယ်ကူအဆင်ပြေပါတယ်ခင်ဗျာ —
- 7-Eleven — လမ်းလျှောက်ရင် ၂ မိနစ်လောက်ပဲ ဝေးပါတယ်
- ဈေး (Wet Market) — လမ်းလျှောက်ရင် ၇ မိနစ်လောက်ပဲ ဝေးပါတယ်
- Shopping Mall များ — Imperial World Samrong၊ Central Bangna၊ Mega Bangna နဲ့ Samrong ဈေးတို့ အနီးအနားမှာ ရှိသလို၊ အနာဂတ်မှာ ဖွင့်လှစ်မယ့် Bangkok Mall ကြီးလည်း ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်
ဝယ်ယူမှု နှင့် ဝန်ဆောင်မှု
မေးခွန်း ၁၁နိုင်ငံခြားသားအနေဖြင့် မိမိအမည်ပေါက် ဝယ်ယူပိုင်ဆိုင်နိုင်ပါသလား?
ဟုတ်ကဲ့၊ တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်ပါတယ်ခင်ဗျာ။
ကွန်ဒိုအသစ် ဖြစ်တာကြောင့် Foreign Quota Freehold နဲ့ လူကြီးမင်းရဲ့ အမည်ပေါက် First-owner Title Deed ကို ရရှိမှာဖြစ်ပြီး တစ်သက်တာ ပိုင်ဆိုင်ခွင့်အပြင် သားသမီးမြေးမြစ်တွေဆီကိုပါ တရားဝင် အမွေလွှဲပြောင်း ပေးအပ်နိုင်ပါတယ်ခင်ဗျာ။
မေးခွန်း ၁၂ဝယ်ယူပြီး ပြန်လည်ငှားရမ်းထားနိုင်ပါသလား? ငှားခ ဘယ်လောက်ရနိုင်ပါသလဲ?
ပြန်လည်ငှားရမ်းထားလို့ ရပါတယ်ခင်ဗျာ။ ကိုယ်တိုင် မနေဖြစ်သေးတဲ့ အချိန်မှာ အငှားချထားပြီး လစဉ် ဝင်ငွေ တစ်ခု ရယူနိုင်ပါတယ်။
အခန်းတွင်း ပြင်ဆင်မှု၊ အထပ်နဲ့ မျက်နှာမူရာအရပ်ပေါ် မူတည်ပြီး တစ်လကို ဘတ် ၉,၀၀၀ – ၁၂,၀၀၀ ဝန်းကျင် လောက်အထိ ရရှိနိုင်ပါတယ်။
(ဒီနှုန်းထားက လက်ရှိဈေးကွက်ပေါ် အခြေခံပြီး ခန့်မှန်းတွက်ပြထားတာ ဖြစ်ပါတယ်ခင်ဗျာ။)
မေးခွန်း ၁၃အိမ်ငှား ရှာဖွေပေးသည့် ဝန်ဆောင်မှု ရှိပါသလား?
ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဆီကနေ ဝယ်ယူသူတွေအတွက် အငှားဝန်ဆောင်မှု ပုံစံ ၂ မျိုး စီစဉ်ပေးထားပါတယ် —
အခမဲ့ ဝန်ဆောင်မှု အိမ်ငှားရှာဖွေပေးခြင်း + အငှားစာချုပ် ချုပ်ဆိုပေးခြင်း
အိမ်ငှားရှာပေးတာနဲ့ စာချုပ်ချုပ်ပေးတာကို ဝန်ဆောင်ခ လုံးဝ မယူဘဲ အခမဲ့ ကူညီပေးပါတယ်။ (လစဉ် စီမံခန့်ခွဲမှုတော့ မပါဝင်ပါဘူးခင်ဗျာ။)
၁ လစာ ဝန်ဆောင်ခ အိမ်ငှားရှာဖွေပေးခြင်း + ၁ နှစ်တာ စီမံခန့်ခွဲမှု
အိမ်ငှားရှာပေးခ တစ်လစာနဲ့ အိမ်ငှားရှာပေးတဲ့အပြင် ၁ နှစ်ပတ်လုံး လစဉ် ငှားခ ကောက်ခံပေးတာနဲ့ အခန်းတွင်း ပြုပြင်ထိန်းသိမ်းမှု ကိစ္စတွေကိုပါ ကြားခံ ညှိနှိုင်း စီမံပေးပါတယ်။
ဒါ့အပြင် အိမ်ငှား မြန်မြန်ရအောင် အခန်းတွင်း ပြင်ဆင်မှု (Decoration) အပိုင်းကိုလည်း သေချာ အကြံပြု စီစဉ်ပေးပါတယ်ခင်ဗျာ။
မေးခွန်း ၁၄ခွေးနှင့် အိမ်မွေးတိရစ္ဆာန်များ မွေးမြူခွင့် ရှိပါသလား?
Reach Sukhumvit 107 က Pet-Friendly မဟုတ်ပါဘူးခင်ဗျာ — ခွေး၊ ကြောင် အပါအဝင် အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့် မရှိပါဘူး။
တကယ်လို့ အချစ်တော်လေးတွေနဲ့ အတူနေချင်တယ်ဆိုရင် အနီးအနားမှာ ရွေးချယ်စရာ Pet-Friendly ကွန်ဒို ၂ ခု ရှိပါတယ် —
ARLO Sukhumvit 105Sukhumvit 105 · Pet-Friendly ရွေးချယ်စရာ ၁ အသင့်နေထိုင်နိုင်
ဆောက်လုပ်ပြီးစီးပြီးသား Ready to Move In ဖြစ်ပြီး အဆောက်အအုံ ၄ ဆောင်လုံး Pet မွေးခွင့် ရှိပါတယ်။ ချက်ချင်း ပြောင်းနေချင်သူတွေအတွက် အကိုက်ညီဆုံးပါ။
Aspire Sukhumvit 103Sukhumvit 103 · Pet-Friendly ရွေးချယ်စရာ ၂ Off-plan · Q3 2027
Off-plan စီမံကိန်းဖြစ်ပြီး ၂၀၂၇ Q3 မှာ ပြီးစီးပါမယ်။ အဆောက်အအုံ ၆ ဆောင်ထဲက ၂ ဆောင်မှာ Pet မွေးခွင့် ရှိတာမို့ အချိန်ယူ စောင့်ဆိုင်းနိုင်သူတွေအတွက် သင့်တော်ပါတယ်။
မေးခွန်း ၁၅အခန်းလွှဲပြောင်းအပ်နှံသည့်အခါ မည်သို့ စစ်ဆေးဆောင်ရွက်ပေးပါသလဲ?
လူကြီးမင်းတို့ ကြည့်ခဲ့တဲ့အတိုင်း တိုက်ရိုက် လက်ခံရတာ မဟုတ်ပါဘူးခင်ဗျာ။
အရင်ဆုံး Third Party ကျွမ်းကျင်ပညာရှင်အဖွဲ့ က အခန်းတွင်း Room Inspection ကို အသေးစိတ် စစ်ဆေးပေးပြီး တွေ့ရှိသမျှ ချို့ယွင်းချက် (Defect) တွေကို Developer ဘက်က အပြီးအစီး ပြန်ပြင်ပေးပြီးမှသာ အပ်နှံတာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ခံရရှိမယ့် အခန်းက မူလကြည့်ခဲ့တုန်းကထက်တောင် ပိုသပ်ရပ်ကောင်းမွန်နေမှာပါခင်ဗျာ။